မုဒုံမြို့က ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ၊ ဆိုင်ပိုင်ရှင်အမျိုးသားသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
July 11, 2025မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ရွှေလုယက်မှု ဖြစ်ပွားပြီး ဆိုင်ပိုင်ရှင်အမျိုးသားကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စျေးသူစျေးသားများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့မ ၄ ရက်ကွက်၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထား သည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ရှင်၏ သမီးဖြစ်သူကို ပစ္စတိုသေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည် ပစ္စည်းများကို လုယူရန် ကြိုးစားကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် သေနတ်သမားကို ဖခင်ဖြစ်သူ ဆိုင်ပိုင်ရှင်က ဝင်လုံးရာမှ သေနတ်သမားက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ကြောင်း မုဒုံမြို့မစျေးမှ စျေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဆိုင်ထဲ […]


