ပြည်ပမှ ပြန်လာသူများကို သီးသန့်ထား စောင့်ကြည့်ရန် မွန်ပြည်နယ်အစိုးရ စီစဉ်
diz_admin
March 30, 2020ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများကို သီးသန့် သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု (facility quarantine)လုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည်။ ပြည်ပမှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (home quarantine) ပြုလုပ်နေသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် နောက်ထပ်ထပ်မံရောက်ရှိလာသူများကို သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု ပြောင်းလဲပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မတ်လ၂၆ ရက်နေ့ကကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်လိုက်သည်။ “အခုက home quarantine သည်မအောင်မြင်ဘူး။ သိကြတဲ့အတိုင်းပဲ တချို့ကမလိုက်နာဘူးပေါ့။ အချို့ကျတော့ လိုက်နာတယ်။ ရွာကလက်မခံဘူး။ အဲတော့ (မတ်လ ၂၆) ဝန်ကြီးချုပ်နဲ့ အစည်းအဝေးမှာ home quarantineကို […]


