မွန်ပြည်သစ်ပါတီ တပ်တည်နေရာ အနီးမှ တပ်မတော် ပြန်ဆုတ်
diz_admin
January 21, 2020မွန်ပြည်သစ်ပါတီ၏ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန် ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းအနီး ဝင်ရောက် နေရာယူထားသည့် တပ်မတော်မှ ပြန် လည်ဆုတ်ခွာသွားပြီဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ဂျပန်ရေတွင်း ကျေးရွာရှိ မွန်ပြည်သစ် ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး အဆိုပါ မွန်ပြည်သစ် ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက် နေရာယူထားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန် ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်း ဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက် မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်း စခန်းမှ တပ်မတော် ဆုတ်ခွာသွားခဲ့သော် လည်း အဆိုပါဂိတ်နှင့် […]