ရခိုင် ရသေ့တောင်မြို့နယ်တွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၀ကျော်သေဆုံး
Dawei Watch
May 13, 2025ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။ စစ်တွေ-ရသေ့တောင် ကားလမ်းပေါ်တွင်တည်ရှိသည့် ထွန်းရဝေရွာဟောင်းကို ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ကာ ပေါင်း ၅၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ ကျော်လည်း ပျက်စီးကြောင်း ဆိုသည်။ ထိခိုက်သေဆုံးသူများတွင် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပြီး အပျက်အစီးကြားထဲတွင် သေဆုံးနေသူများ ထပ်မံရှိနိုင်သေးကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ ရသေ့တောင်မြို့နယ်မှာ AA […]


