မြန်မာတစ်နိုင်ငံလုံး အပစ်ရပ်ပြီး အားလုံးပါသည့် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် အာဆီယံတိုက်တွန်း
Dawei Watch
May 27, 2025အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာမှုအကျပ်အတည်းအကြား မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ အားလုံးပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးရေး ဖန်တီးဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်တွင် အာဆီယံခေါင်းဆောင်များက ယင်းသို့ တညီတညွတ်တည်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်တိုင်ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ထွန်းလာရန် ယုံကြည်မှုတည်ဆောက်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ မြန်မာပြည်အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့၏ သံန္နိဌာန်ကိုလည်း အဆိုပါ ကြေညာချက်တွင် ထပ်လောင်း အတည်ပြုဖော်ပြခဲ့သည်။ အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အာဆီယံအဖွဲ့က ကိုင်စွဲထားသည့် အဓိကမူဘောင်တစ်ရပ် ဖြစ်သည်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ထိရောက်စွာဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံဥက္ကဋ္ဌနှင့် […]


