ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

နဝမတန်းနှင့် ဒသမတန်းသင်ရိုးအသစ်တွင် ဘာသာတွဲ လေးခုသာ ကျန်

diz_admin

March 13, 2020

အခြေခံပညာ နဝမတန်းနှင့် ဒသမ တန်း ယခင်သင်ရိုးအဟောင်းတွင် ဘာသာတွဲ ၇ တွဲအထိရှိသော်လည်း သင်ရိုးအသစ်တွင် ဘာသာတွဲ လေးတွဲသာ ကျန်ရှိတော့ကြောင်း အခြေခံပညာ ဦးစီးဌာနက ပို့ချသည့် သင်ရိုးသစ် အကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထားဝယ် အ.ထ.က (၇) မှ အထက် တန်းပြ ဒေါ်ခိုင်စပယ်ဝင်းက ပြောသည်။ လာမည့် ၂၀၂၀-၂၁ ပညာသင် နှစ်တွင် နဝမတန်းသင်ရိုးအသစ်ကို စတင် ကျင့်သုံးတော့မည် ဖြစ်သည်။ ယင်းအတွက်ကြောင့် လာမည့် ပညာသင်နှစ်တွင် နဝမတန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများသည် သင်ရိုးသစ်အရ ဘာသာတွဲ လေးတွဲ အနက် မိမိကြိုက်နှစ်သက်ရာအတွက်ကို ရွေးချယ် သင်ယူရမည် ဖြစ်သည်။ ယင်းဘာသာတွဲလေးတွဲကို STEAMS 1၊ STEAMS 2၊STAMS 1၊ STAMS […]

ကော့ရဲကြီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ကိုင်ရန် စိုင်းပြင်းနေ

diz_admin

March 12, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ ကော့ရဲကျွန်းတွင် ဟိုတယ်ခရီးသွားလုပ်ကိုင်ရန် Myanmar Life ကုမ္ပဏီက စိုင်းပြင်းနေသည်။ Myanmar Life ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ရန် ဧက ၅၀ လုပ်ကိုင်ခွင့်ကျထားပြီး ဖြစ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် MIC မှ ရင်းနှီး မြှုပ်နှံခွင့် ပေးသင့်/မသင့် တိုင်းအစိုးရ အဖွဲ့ထံ သဘောထား တောင်းခံလာရာ တိုင်းအစိုးရမှတစ်ဆင့် ခရိုင်သို့ ဆင်းစစ် ရန် ညွှန်ကြားလာသဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ကွင်းဆင်းခဲ့ကြောင်း ဦးနေဦး က ပြောသည်။ ယင်းသို့ကွင်းဆင်းရာတွင် ဒေသခံ များကလည်း ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသဖြင့် လုပ်ငန်းရင်းနှီးမြှုပ်နှံရန် […]

သင်္ကြန်အတာအိုးများ ကော့သောင်းဈေးကွက်တင်ပို့ရန် ခက်ခဲနေ

diz_admin

March 12, 2020

လှေအခက်အခဲကြောင့် သင်္ကြန် အတာအိုးများ ကော့သောင်းဈေးကွက်သို့ တင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။ သင်္ကြန်အတာအိုးများကို ကော့ သောင်းဈေးကွက်သို့ မတ်လခန့်တွင် လှေဖြင့် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် လှေအခက်အခဲကြောင့် မတင်ပို့နိုင်သေးဘဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင် သည့် မပန်းအိဖြူက ပြောသည်။ “လှေက အရင်က ကော့သောင်း ကမ်းကို ကပ်တယ်။ အခုလှေသမားတွေ ပြောတာတော့ ကမ်းကိုကပ်ပြီး လှေပြန် ထွက်တဲ့အချိန် ထွက်စာ(လက်မှတ်)ယူရ တာ အရမ်းကြာလို့ဆိုပြီး ရနောင်းကိုပဲ တိုက်ရိုက်ကပ်တော့တယ်။ ကော့သောင်း ကမ်းကို လှေမကပ်တော့၊ ပစ္စည်းပို့ဖို့ လမ်းပန်း အခက်အခဲဖြစ်နေတော့ ပင်ပန်း နေတာပေါ့” ဟု မပန်းအိဖြူက ဆိုသည်။ အိုးဈေးကွက်သည် ထားဝယ်ခရိုင် နှင့် […]

သဲထုတ်ရန် လိုအပ်သဖြင့် အိမ်ခြေ ၃၀ဝ ရှိ ရွာကို ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား

diz_admin

March 12, 2020

ကော့သောင်းခရိုင်အတွင်း အိမ် ခြေသုံးရာခန့်ရှိ ကျေးရွာတစ်ရွာကို မှန် ထုတ်လုပ်ရေးအတွက် သဲထုတ်ရန် လိုအပ် သဖြင့် ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ ဒုတိယ ဝန်ကြီးတစ်ဦးက ပြောသည်။ အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ် မာန်ဟောင်း မြေနေရာ သဲထုတ်လုပ်ရေး စခန်းမြေကို ဌာနအနေဖြင့် ပြန်လည်စွန့် လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က ပြောဆိုသည်။ မတ်လ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ ခြင်း ဖြစ်သည်။ ဘုတ်ပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ထိုအလယ်မန်ရွာဟောင်းမြေနေရာကို သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာ ပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ် မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှု […]

ဆလုံများအတွက် ကျပ်သိန်းတစ်ထောင် ထောက်ပံ့မည်

diz_admin

March 12, 2020

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုးများအတွက် ယခုနှစ်တွင် ကျပ် သိန်းတစ်ထောင် ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောလုကာက ပြောကြားသည်။ ယင်း ကျပ်သိန်းတစ်ထောင်ကို ဆလုံတို့၏ စားဝတ်နေရေးနှင့် စီးပွားရေး အတွက်အပြင် ပညာရေး ကျန်းမာရေး အတွက်ပါ ခွဲဝေသုံးစွဲနိုင်ရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ စီစဉ်ဆောင်ရွက် နေကြောင်း စောလုကာက ပြောသည်။ ဆလုံတိုင်းရင်းသားများ နေထိုင် လုပ်ကိုင်စားသောက်သော နေရာများ တွင် ပြည်ထောင်စု အစိုးရက ပုလဲ မွေးမြူရေး လုပ်ကွက်များ ချထားပေး ခြင်းကြောင့် ဆလုံများ လုပ်ကိုင်စား သောက်ရန် နေရာ ပျောက်နေပြီး လူမျိုး တုန်းလုနီးဖြစ်နေချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုသို့စီစဉ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယမန်နှစ်ကလည်း […]

ကော့သောင်းတွင် ဆိုင်ကယ်ချင်းတိုက်မိရာမှ စိတ်ကြွဆေးမိ

diz_admin

March 12, 2020

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ဆိုင်ကယ်ချင်းတိုက်ရာမှ စိတ်ကြွဆေးပြား လေးရာခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘန်းကချွန်ကျေးရွာအုပ်စုရှိ ၁၄ မိုင် တံတားအနီးတွင် နံပါတ်မပါသည့် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့တိုက်မိရာခြင်းကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဒဏ်ရာရသည့် အမျိုးသားမှာ ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားသည့် မူးယစ်ဆေးအမှုမှ တရားခံ ပြေးဖြစ်နေကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ တရားခံပြေးဖြစ်နေသည့်အတွက် ၎င်း၏ခန္ဓာကိုယ်ကိုရှာဖွေရာ အတွင်းခံ ဘောင်းဘီအတွင်း အိတ်ဖြင့်ထည့်ထား သည့် WY စိတ်ကြွဆေး ၃၈၉ ပြား ဖမ်းမိခဲ့ကြောင်း […]

ဆန္ဒမဲပေးရမည့် လူသစ်လေးသောင်းဝန်းကျင်ရှိ

diz_admin

March 11, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီ တိုင်းအတွင်း ပထမဆုံးအကြိမ် ဆန္ဒမဲ ပေးခွင့်ရမည့် လူငယ်အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်)ထံမှ သိရသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် တွင် အသက် ၁၈ နှစ်ပြည့်မည့်သူအထိ ကောက်ယူထားသည့် စာရင်းဖြစ်ကြောင်း တိုင်းရွေး/ကော်အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။ “အခုမှ ပထမအကြိမ်မဲပေးရမယ့် တစ်ဆယ့်ရှစ်နှစ် ပြည့်လာမယ့်သူက တစ်တိုင်းလုံး ငါးသောင်း မပြည့်ဘူး”ဟု အထက်ပါ အတွင်းရေးမှူးက ပြောသည်။ တစ်နိုင်ငံလုံး၌ ၂၀၂၀ ရွေးကောက်ပွဲ တွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် လူငယ် ငါးသန်းခန့်ရှိနိုင်ကြောင်း ပြည် ထောင်စုရွေးကော်ပွဲကော်မရှင်က ခန့် မှန်းထားသည်။ တနင်္သာရီတိုင်းတွင် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲတွင် […]

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

diz_admin

March 11, 2020

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ် မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်သည်။ စားသုံးသူကာကွယ်ရေးဥပဒေအရ မတ်လ ၁၆ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များ ကို မလိုက်နာပါက ၂ နှစ်ထက်မပို သည့်ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ဝ ထက်မပိုသည့်ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားကို မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်း အမျိုးအမည် ၈ မျိုးတွင် အစားအသောက် များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ […]