မည်သူမျှ မအောင်သည့် ကော့သောင်း လျှပ်စစ်တင်ဒါ အောင်မှတ် အပြောင်းအလဲ လုပ်မည်
diz_admin
July 13, 2020၀င်ပြိုင်သော ကုမ္ပဏီအားလုံး အောင်မှတ်မရခဲ့သည့် ကော့သောင်း လျှပ်စစ်တင်ဒါအတွက် အနည်းဆုံးဖြစ်ရ မည့်အောင်မှတ်ကို အပြောင်းအလဲလုပ်ကာ ပြန်ခေါ်ရန် ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော ကြားသည်။ ဖြေလျှော့ရမည့်အပိုင်းကို တင်ဒါကော်မတီက ဆွေးနွေးထားပြီး အနီးစပ်ဆုံး ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။ ပြီးခဲ့သည့်လက ပြုလုပ်သည့် ကော့သောင်းလျှပ်စစ်တင်ဒါတွင် တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ ကုမ္ပဏီ ၆ ခု ဝင်ပြိုင်ခဲ့သော်လည်း Technical Proposal (နည်းပညာအဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်လိုက်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။ “တင်ဒါစည်းမျဉ်းစည်းကမ်းကို ကက်ဘိနက် ဖြတ်မယ်။ ခွင့်ပြုမယ်ဆိုရင် ကြေညာမယ်။ ကြေညာပြီးရင် အဆိုပြုလွှာကို ဒီပုံး (တင်ဒါဖိုင်များထည့်သည့် ပုံး) ထဲကို ရောက်မှ […]