နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ်စည်းရုံးအပြန် အမှုဖွင့်ခံရ
diz_admin
October 12, 2020ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ် ကိုယ်စယ်းလောင်းဖြစ်သူ ဦးတင့်လွင်ကို မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ- ၂၇၉ နှင့် ၃၃၇ တို့ဖြင့် ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းတွင် အောက်တိုဘာလ ၄ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ-၂၇၉ မှာအများ ပြည်သူဆိုင်ရာလမ်းတွင်မဆင်မခြင် မောင်နှင်ခြင်းဖြစ်ပြီး ပုဒ်မ-၃၃၇ မှာ အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှု (နာကျင်စေမှု) ဖြစ်သည်။ လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့က ကိုယ်စားလောင်းအပါအဝင် ပါတီဝင်များနှင့် ဝန်းရံသူ အပါအဝင် စုစုပေါင်း ၁၅၀ ဦးခန့်က ကား၊ ဆိုင်ကယ်များဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်း […]


