ဘုတ်ပြင်း၊ ချောင်းမွန်ကျေးရွာအနီးနှစ်ဖက် တိုက်ပွဲဖြစ်ပွား
diz_admin
November 6, 2022ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီး နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဘုတ်ပြင်းမြို့နယ်၊ချောင်းမွန်ကျေးရွာအနီး နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆီအုန်းတောရှိရာ ပြည်ထောင်စုလမ်းအတိုင်း ခြေလျှင်ချီတက်လာသည့် ခမရ(၅၆၀) တပ်ရင်းမှအင်အား ၁၅ ဦးခန့်နှင့် မိနစ် ၃၀ အကြာမိုင်းဆွဲခြင်း၊ အပြန်အလှန်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ၆၀ မမ ဗုံးသီး ၇ လုံး၊၅ဒသမ၅၆ ကျည်ဆံ ၂၀၀ တောင့်အပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၊ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး အကျအဆုံးစီစစ်နေဆဲဖြစ်ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၊ ကော့သောင်းခရိုင် တပ်ရင်း(၁)ကလည်း ရဲဘော် ၃ […]


