ကမ္ဘောဒီးယား ပစ်ခတ်သောလက်နက်ကြီး ထိုင်းလူနေအိမ်နှစ်ဆောင်ကို ထိမှန်
Dawei Watch
December 9, 2025ကမ္ဘောဒီးယားစစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ပြီး တိုက်ပွဲအတွင်း ထိုင်းဘက်တွင် စစ်သားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများသည် ယနေ့ ဒီဇင်ဘာ ၉ ရက်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိုင်းဘက်ခြမ်း စကဲဝိုဒေသရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ နေအိမ်များရှိ ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေသဖြင့် လူထိခိုက်မှု မရှိကြောင်း ဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်က ကမ္ဘောဒီးယားစစ်တပ်ဘက်က ထိုင်းစစ်အခြေစိုက်စခန်းသို့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော နောက်ထပ် စစ်သားတစ်ဦးလည်း ယနေ့ နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း […]


