အီရန်တွင် ဆန္ဒပြသူများကို ဆေးကုပေးသည့် ဆရာဝန်များ ဖမ်းဆီးခံရ
Dawei Watch
January 29, 2026အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ဆေးကုသပေးသည့် ဆရာဝန်များ ဖမ်းဆီးခံနေရပြီး ခွဲစိတ်ဆရာဝန် တစ်ဦးထက်မနည်းမှာ သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆန္ဒပြသူများကို အီရန်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ သောင်းနှင့်ချီရှိသည့်အနက် အချို့ကို အဆိုပါ ဆရာဝန်များက ကယ်တင်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။ အီရန်အာဏာပိုင်များ၏ အဆိုပါ ဖမ်းဆီးမှုများနှင့် သေဒဏ်ပေးမှုများမှာ ‘လက်စားချေ’ စစ်ဆင်ရေးတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကဝေဖန်ထောက်ပြသည်။ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၊ ဓားဖြင့် အထိုးခံရသူများကို အဆိုပါ ဆရာဝန်များက လျစ်လျူမရှုဘဲ ယာယီဆေးကုသဆောင်များဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။ အသက် ၅၂ နှစ်အရွယ် ခွဲစိတ်ဆရာဝန်တစ်ဦးမှာ သေဒဏ်ကျခံရနိုင်သည့် “ဘုရားသခင်ကို စစ်ကြေညာခြင်း” (Moharebeh) အမှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းအား […]


