ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေး ကန် အဆိုပြုချက်ကို လက်ဘနွန်လက်ခံ
Dawei Watch
August 8, 2025၂၀၂၅ နှစ်ကုန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေးအပါအဝင် အမေရိကန်အစိုးရ၏ အဆိုပြုချက်များကို လက်ဘနွန်အစိုးရက ဩဂုတ်လ ၇ ရက်တွင် အတည်ပြုလက်ခံလိုက်သည်။ သို့သော် ယင်းအဆိုပြုချက်ပါ အသေးစိတ်အချက်အလက်များကိုမူ ဆွေးနွေးရခြင်း မရှိသေးကြောင်း လက်ဘနွန်အစိုးရ၊ ပြန်ကြားရေးဝန်ကြီး Paul Marcos က ပြောသည်။ အမေရိကန်၏ အဆိုပြုချက်ပါ အစီအစဉ်အရ ယခုနှစ်ကုန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရမည်ဖြစ်ပြီး လက်ဘနွန်နိုင်ငံတွင်းတွင် အစ္စရေးက စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရမည်ဖြစ်သည်။ ယင်းအပြင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် နေရာ ငါးနေရာမှလည်း အစ္စရေးတပ်များ တစ်ဆင့်ချင်းစီ ပြန်လည်ဆုတ်ခွာရမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါအစီအစဉ်သည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို အားနည်းစေမည့် အသေးစိတ်အကျဆုံး အစီအစဉ်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ လက်ရှိအချိန်အထိ အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ […]


