ကမ္ဘာ့အပူချိန်နှင့် ပင်လယ်ရေမြင့်တက်မှု အရှိန်မြန်လာဟု သိပ္ပံပညာရှင်များ သတိပေး
Dawei Watch
June 26, 2025ကမ္ဘာ့ပျမ်းမျှအပူချိန်သည် လာမည့် ၃ နှစ်ခန့်အတွင်း ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံပညာရှင်များ၏ နောက်ဆုံးထွက်ပေါ်လာသည့် အစီရင်ခံစာက သတိပေးလိုက်သည်။ ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လေထုညစ်ညမ်းစေသည့် အခြားဓာတ်ငွေ့များ ထုတ်လွှတ်မှုပမာဏက လက်ရှိနှုန်းအတိုင်း ဆက်ရှိနေလျှင် ကမ္ဘာ့ပျမ်းမျှအပူချိန် ယင်းသို့ မြင့်တက်သွားနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။ “မကြုံစဖူး အပြောင်းအလဲတွေ ကျွန်တော်တို့ မြင်နေရတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ ပင်လယ်ရေမြေမျက်နှာပြင်မြင့်တက်မှု အရှိန်မြန်လာတွေကိုလည်း ကျွန်တော်တို့ မြင်နေရတယ်” ဟု အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သည့် ဗြိတိန်နိုင်ငံ ၊ University of Leeds မှ ရာသီဥတုသိပ္ပံပညာရှင် ပါမောက္ခ Piers Forster က ဆိုသည်။ အဆိုပါ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းထားခဲ့သည်မှာ အချိန်အတော်ကြာရှိခဲ့ပြီဖြစ်ကြောင်း […]


