မြန်မာဘက်က မှောင်ခိုသယ်လာသောဆေးလိပ် ဘတ်သန်း ၆၀ ကျော်ဖိုး ထိုင်းရဲဖမ်းမိ
Dawei Watch
August 26, 2025မြန်မာနိုင်ငံဘက်က မှောင်ခိုသယ်ဆောင်လာသော ထိုင်းဘတ် သန်း ၆၀ ကျော် တန်ဖိုးရှိ ဆေးလိပ်များကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဂိတ်ရှိ အကောက်ခွန်ဌာနက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြဝတီမြို့ဘက်မှ မဲဆောက်ဘက်သို့ အကောက်ခွန်ဌာနသို့ တင်ပြခြင်းမရှိဘဲ တင်သွင်းလာသဖြင့် အကောက်ခွန်ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း သိမ်းဆည်းရမိသော ဆေးလိပ်များမှာ အရေအတွက် ၁၅ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၆၃ သန်းကျော် တန်ဖိုးရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဆေးလိပ်များကို ထိုင်းအကောက်ခွန်ဌာန၊ ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းစစ်တပ်များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ လက်ရှိတွင် ဆေးလိပ်များကို မဲဆောက်မြို့ အကောက်ခွန်ဌာနက သိမ်းဆည်းထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ မှောင်ခိုတင်သွင်းလာသူများအား […]


