ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ်ကြေညာ
Dawei Watch
September 3, 2025ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ယနေ့ စက်တင်ဘာ ၃ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကြေညာလိုက်သည်။ လွှတ်တော်ကို ဖျက်သိမ်းပေးရန်အတွက် စက်တင်ဘာလ ၂ ရက်ကတည်းက ထိုင်းဘုရင်ထံ စာပို့ တင်ပြထားပြီး ဖြစ်ကြောင်း ဆိုသည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီက လက်ရှိအာဏာရ Pheu Thai ပါတီကို မဟုတ်ဘဲ Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မည်ဟု ကြေညာပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ကြေညာလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးမည်ဟု သဘောတူထားခြင်းဖြစ်သည်။ သဘောတူချက်များတွင် လေးလအတွင်း […]


