တရုတ်ကို တန်ပြန်ရန် ဂျပန်ရေတပ်မှ စစ်သင်္ဘောအချို့ကို ဖိလစ်ပိုင်ရေတပ်သို့ ပေးအပ်မည်
Dawei Watch
July 7, 2025ဂျပန်ရေတပ်က အသုံးပြုပြီးသား စစ်သင်္ဘောအချို့ကို ဖိလစ်ပိုင်ရေတပ်သို့ လွှဲပြောင်းပေးအပ်သွားရန် နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာ Yomiuri က ဇူလိုင်လ ၆ ရက်နေ့တွင် ဖော်ပြလိုက်သည်။ ယင်းအစီအစဉ် အကောင်အထည်ပေါ်လာလျှင် ဂျပန်စစ်သင်္ဘောများ ပြည်ပနိုင်ငံတစ်ခုသို့ ပထမဆုံး လွှဲပြောင်းပေးအပ်မှု ဖြစ်လာမည်။ ပင်လယ်ပြင်အတွင်း ရေတပ်အင်အားတိုးချဲ့လာသည့် တရုတ်ကို တန်ပြန်နိုင်ရေးအတွက် ဂျပန်စစ်တပ်နှင့် ဖိလစ်ပိုင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအစဉ်ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro တို့ ပြီးခဲ့သည့်လက စင်္ကာပူတွင် တွေ့ဆုံစဉ် ယင်းသို့ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ လွှဲပြောင်းပေးအပ်မည့် စစ်သင်္ဘောများအနက် ဂျပန်ရေတပ်တွင် အနှစ် ၃၀ ကျော်အသုံးပြုပြီးလာသည့် Abukuma အမျိုးအစား စစ်သင်္ဘော […]


