အမေရိကသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ အစုလိုက်အပြုံလိုက် သေဆုံးလျက်တွေ့ရှိ
diz_admin
June 28, 2022အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယို မြို့ပြင်ဘက်တွင် စွန့်ပစ်ရပ်ထားသော ထရပ်ကားကြီး အတွင်းမှ အစုလိုက်အပြုံလိုက်သေဆုံးနေသူ ၄၆ ဦးကို တွေ့ရှိရကြောင်း သတင်းများက ဖော်ပြထားသည်။ ကလေး (၄) ဦးအပါအဝင် အသက်ရှင်ကျန်သူ ၁၆ ဦးကို ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း မီးသတ်ကယ်ဆယ်ရေး အရာရှိ တစ်ဦးက ပြောကြားသည်။ အသက်ရှင်ကျန်ရစ်သူများမှာ ကိုယ်အပူချိန်အလွန်မြင့်တက်နေပြီး အလွန်ပြင်းထန်သော အပူချိန်ကို ခံစားထားရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ အမေရိကန်- မက္ကဆီကိုနယ်စပ် ကီလိုမီတာ (၂၅၀) အကွာ ဆန်အန်တိုနီယိုမြို့သည် လူကုန်ကူးသူများ၏ အဓိက အသုံးပြုရာ လမ်းဆုံနေရာ ဖြစ်သည်။ လူကုန်ကူးသူများသည် ထရပ်ကားကြီးများကို အသုံးပြုကာ စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ပို့ဆောင်လေ့ရှိပြီး ဝေးလံခေါင်ဖျား နယ်စပ်နေရာများမှ သွားရောက် ခေါ်ယူလာခြင်း ဖြစ်သည်။ […]


