ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

Dawei Watch

November 4, 2024

၄၇ ယောက်မြောက် အမေရိကန်သမ္မတ မည်သူ ဖြစ်လာမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို မနက်ဖြန် စတင်တော့မည် ဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သူ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ကမ်မလာဟဲရစ်သာ အနိုင်ရခဲ့လျှင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမည် ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များသည် သမ္မတကို ရွေးချယ်ရုံသာမကဘဲ အောက်လွှတ်တော်နှင့် ဆီးနိတ်ကို ပေါင်းစပ်ထားသည့် ကွန်ဂရက်အဖွဲ့ဝင်များကိုပါ ပြည်နယ်အလိုက် မဲပေးရွေးချယ်ရမည် ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရရှိသူသည် ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လေးနှစ်ကြာသမ္မတသက်တမ်းကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် မဲဆန္ဒရှင်တော်တော်များများက ကြိုတင်မဲစနစ် (သို့မဟုတ်) စာတိုက်မဲပေးစနစ်အရ ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်သည်။ သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းမယ် ထိုင်ဝမ်ကျွန်းဆွယ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။ စစ်လက်နက်တွေထဲမှာ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်လည်း ပထမဆုံးအနေနဲ့ ပါဝင်သွားမှာပါ။ ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ သန်း ၁,၁၆၀ တန်ဖိုးရှိ ဒုံးကျည်စနစ်တွေနဲ့ ဒေါ်လာ ၈၂၈ သန်း တန်ဖိုးရှိ ရေဒါစနစ်တွေ ပါဝင်ပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးလာနေပြီး […]

ရော်ဘာတင်ပို့မှု ထိုင်းနှင့် အင်ဒိုနီးရှားထက် အိုင်ဗရီကို့စ် ခြေလှမ်းပိုသွက်

Dawei Watch

October 30, 2024

အာဖရိကတိုက်အနောက်ပိုင်းမှ အိုင်ဗရီကို့စ်နိုင်ငံသည် ရော်ဘာတင်ပို့ထုတ်လုပ်မှုတွင် ထိုင်းနှင့် အင်ဒိုနီးရှားထက် ခြေလှမ်းပိုသွက်လာနေသည်။ နိုင်ငံတကာရော်ဘာလေ့လာမှုအဖွဲ့(IRSG) ၏ အဆိုအရ အိုင်ဗရီကို့စ်၏ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁.၅၅ သန်းအထိ ရှိခဲ့သည်။ ယင်းပမာဏသည် ၂၀၁၉ ခုနှစ်က ၎င်းထုတ်လုပ်ခဲ့သည့် ရော်ဘာတန်ချိန် ၈၁၅,၀၀၀ ၏ နှစ်ဆဖြစ်သည်။ ယင်းသို့ တိုးမြှင့်တင်ပို့လာမှုကြောင့် အိုင်ဗရီကို့စ်သည် ဗီယက်နမ်ကို ကျော်တက်ကာ ကမ္ဘာ့တတိယမြောက် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာပေါ်တွင် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းဖြစ်ပြီး ဒုတိယမှာ အင်ဒိုနီးရှား ဖြစ်သည်။ အိုင်ဗရီကို့စ်နိုင်ငံ ရော်ဘာတင်ပို့မှု ကြီးထွားလာခြင်း၏ အကြောင်းအရင်း တစိတ်တပိုင်းမှာ နိုင်ငံအတွင်းရှိ ကိုကိုစေ့စိုက်ပျိုးသည့် တောင်သူများက ဝင်ငွေပိုတည်ငြိမ်မှုရရန် မျှော်လင့်ချက်ဖြင့် ရော်ဘာခြံလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အသက်ဝင်လာဖွယ်ရှိသည့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုထိန်းချုပ်ရေးစည်းမျဉ်းကလည်း အကြောင်းရင်း […]

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း၏ စံအိမ် တော်လှန်ရေး ပြတိုက်အဖြစ် ပြောင်းမည်

Dawei Watch

October 29, 2024

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နေထိုင်ခဲ့သည့် စံအိမ်ကို ၎င်းအား ဖြုတ်ချနိုင်ခဲ့သည့် တော်လှန်ရေးအထိမ်းအမှတ် ပြတိုက်အဖြစ် ပြောင်းလဲပြသသွားတော့မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအိမ်စောင့်အစိုးရကို ဦးဆောင်လျက်ရှိသည့် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က တနင်္လာနေ့၌ ဂါနာဘဟာဘန်စံအိမ်သို့ သွားရောက်လည်ပတ်စဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “သူမရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုနဲ့ သူမကို ဖြုတ်ချလိုက်တဲ့အချိန်က လူထုရဲ့ ဒေါသကို ဖော်ပြတဲ့ အမှတ်တရတွေကို ပြတိုက်မှာ ထိန်းသိမ်းပြသသွားမယ်” ဟု ယူနွတ်က ပြောသည်။ နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြီးကြောင့် ယခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ထိုနေ့မှာပင် ရဟတ်ယာဉ်ဖြင့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့သည်။ သူမ၏ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

October 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသက နယ်စပ်ဒေတလျှောက် စစ်တပ်ကင်းလှည့်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီချက်ကနေ နှစ်နိုင်ငံ နယ်စပ်မျဉ်းကြား ထိတွေ့ပစ်ခတ်မှုတွေ ထပ်မရှိလာဖို့ မျှော်လင့်ရတာပါ။ နှစ်နိုင်ငံကြား သံတမန်ရေးအရရော စစ်ရေးအရပါ အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့ပြီးတဲ့နောက် ရခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ကြား ဟိမဝန္တာဒေသမှာ ရှည်လျားတဲ့ နယ်နိမိတ်တွေ ရှိနေတာပါ။ ဒါပေမဲ့လည်း ဒီနယ်စပ်မှာချထားတဲ့ သောင်းနဲ့ချီတဲ့ နှစ်ဘက်စစ်တပ်တွေ ပြန်ဆုတ်ပေးဖို့ […]

ဖခင် လက်ထက် တာ့ခ်ဘိုင်အစုလိုက်အပြုံသတ်ဖြတ်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်

Dawei Watch

October 25, 2024

ဖခင်ဖြစ်သူ သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် လွန်ခဲ့သည့် အနှစ် ၂၀ က ဖြစ်ပွားခဲ့သော နိုင်ငံ့တောင်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကြာသပတေးနေ့တွင် တောင်းပန်လိုက်သည်။ ယင်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများသည် လက်ရှိအချိန်အထိ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေဆဲ ဖြစ်သည်။ တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေထုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သက်ဆင်သည် ယင်းဖြစ်ရပ်အတွက် လွန်ခဲ့သော ၂ နှစ်က တောင်းပန်ခဲ့ဖူးသည်။ သို့သော် ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသည်ဟု သက်ဆင်က ဝန်မခံခဲ့ပေ။ ထိုင်းဥပဒေအရ ပြစ်မှုတစ်ခုကို ရုံးတင်စစ်ဆေးရန် အများဆုံးခွင့်ပြုပေးထားသည့် ကြာချိန်သည် အနှစ် ၂၀ ဖြစ်သည်။ တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ရုံးတင်စစ်ဆေးရန် ခွင့်ပြုထားသည့် ကြာချိန်သည် ယနေ့ […]

အွန်လိုင်း အရောင်းအဝယ်ကြောင့် ထိုင်းရဟန်းများ ဘတ်ငွေ ဘီလီယံချီ ဆုံးရှုံး

Dawei Watch

October 24, 2024

ပိရမစ်ပုံစံ ဆင့်ပွား စီးပွားရေးလုပ်ငန်းတစ်ခုတွင် စတော့ရင်းနှီးမြှုပ်နှံရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှ ရဟန်းသံဃာများ ဘတ်ငွေ တစ် ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း Bangkok Post သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် နိုင်ငံအဆင့်ဗုဒ္ဓဘာသာဆိုင်ရာရုံး(NOB) ကို ထိုင်းအစိုးရက တာဝန်ပေးလိုက်ပြီ ဖြစ်သည်။ Ban Share Nong Carrot အမည်ရ ပိရမစ်ပုံစံ အွန်လိုင်း အရောင်းအဝယ် ကုမ္ပဏီသည် ရဟန်းသံဃာများနှင့် ကျေးလက်နေပြည်သူများကို ပစ်မှတ်ထား ဖြားယောင်းသွေးဆောင်ခဲ့သည်။ စည်းရုံးသိမ်းသွင်းခံရသူများကို ၎င်းတို့ ပြုလုပ်သည့် အွန်လိုင်း အရောင်းအဝယ် သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခဲ့သည်ဟု ထိုင်းမီဒီယာတွေက ဖော်ပြသည်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီသည် အနည်းဆုံး ဘတ်သုံးသိန်း ထည့်ဝင်မြှုပ်နှံခဲ့ရသည်။ ကုမ္ပဏီဦးဆောင်သူများသည် တရားစခန်းအစီအစဉ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓဘာသာရဟန်းသံဃာများကို ပစ်မှတ်ထား […]

လီကွမ်ယု၏ သားငယ် ယူကေတွင် နိုင်ငံရေးခိုလှုံခွင့်ခံယူ

Dawei Watch

October 23, 2024

မိခင်တိုင်းပြည်၏ ဖိစီးနှိပ်စက်မှုမှ လွတ်မြောက်ရန် ယူကေနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ခံယူလိုက်ပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို တည်ထောင်သူနှင့် ခေါင်းကိုင်ဖခင်ကြီး အဖြစ်ထင်ရှားသော လီကွမ်ယု၏ သားငယ်ဖြစ်သူ လီရှန်ယန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ သူ့အတွက် နောက်ဆုံးရွေးချယ်စရာတစ်ခု အနေနှင့် ၂၀၂၂ ခုနှစ်တွင် ယူကေအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် ယူကေအစိုးရက လက်ခံလိုက်ကြောင်း လီရှန်ယန်းက အသိပေးလိုက်သည်။ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုတွင် လီရှန်လွန်း (၇၂ နှစ်)၊ လီဝေလင်း (၆၉ နှစ်) နှင့် လီရှန်ယန်း (၆၇ နှစ်) တို့ မောင်နှမ သုံးဦး ထွန်းကားသည်။ ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အစ်မဖြစ်သူ လီဝေလင်းနှင့် လီရှန်ယန်းတို့မောင်နှမသည် အစ်ကိုကြီးဖြစ်သူ စင်္ကာပူဝန်ကြီးချုပ်ဟောင်း […]