ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အိန္ဒိယ ဘာသာရေးနွှယ် ပဋိပက္ခ လူလေးဦးသေဆုံး၊ ရာချီ ထိခိုက်ဒဏ်ရာရ

Dawei Watch

November 25, 2024

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဆမ်ဘောလ်မြို့တွင် မူဆလင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် လူလေးဦး သေဆုံးခဲ့ရသည်ဟု ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။ ၁၇ ရာစုနှစ်က မူဆလင်ဗလီတစ်လုံးအား ဟိန္ဒူဘုရားကျောင်းမြေပေါ်တွင် တည်ဆောက်ထားခြင်းရှိမရှိ အာဏာပိုင်များ၏ မြေတိုင်းစစ်ဆေးမှုကြောင့် မြို့ခံမူဆလင်များ၏ ယင်းဆန္ဒပြပွဲများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ မူဆလင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် လူလေးဦး သေဆုံးခဲ့ရပြီး ရဲအရာရှိ ၂၀ ဦးအပါအဝင် လူရာနှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Oneindia သတင်းဌာနက ဖော်ပြထားသည်။ ဆန္ဒပြသူများအား လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆန္ဒပြသူများဘက်ကလည်း ကျောက်တုံး ၊ ကျောက်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ကြသည်။ လက်ရှိအချိန်တွင် အာဏာပိုင်များဘက်မှ တင်းကျပ်သည့် လုံခြုံရေးအစီအမံများ ချမှတ်ထားပြီး အင်တာနက် ယာယီဖြတ်တောက်ထားသည်။ စာသင်ကျောင်းများ ၊ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 22, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့  ညွန့်ပေါင်းအဖွဲ့ အနိုင်ရ သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ (Anura Kumara Dissanayake) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။ အမျိုးသားပြည်သူ့အာဏာပါတီ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တာပါ။ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နေရာ ၂၂၅ နေရာမှာ ၁၅၉ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကတိအရ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ Ref: AP ……………………………….. အိန္ဒိယမှာ ဆေးရုံမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး အိန္ဒိယနိုင်ငံ ဥတာပရာဒရှ်ပြည်နယ်က ဆေးရုံတစ်ရုံက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ကလေးငယ် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။ ဆေးရုံထဲ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးချက်ချင်းလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ အဲဒီအထဲက ကလေးငယ် ၄၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ်လို့ ကြေညာခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. လေထုညစ်ညမ်းလို့ နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ် လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူဒေလီမြို့မှာနိုဝင်ဘာလ ၁၈ ရက်နေ့က စာသင်ကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းတစ်လျှောက်ကိုလည်း ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါသေးတယ်။ မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့်ထက် အဆ ၅၀ လောက် ပိုဆိုးနေတယ်လို့ သတ်မှတ်ခံထားပါတယ်။ Ref: AP ……………………………….. အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ် အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထည့်ဝင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ‌ဒေါ်လာ ၄ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုခဲ့တာပါ။ ဒါကို ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G 20 ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ IDA က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခုပါ။ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံချက်တွေအတွက် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ Ref: […]

ICC ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံး ဒီမိုကရေစီနိုင်ငံခေါင်းဆောင်

Dawei Watch

November 22, 2024

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ်ဂါးလန့်နှင့် ဟားမတ်စ်အဖွဲ့စစ်ရေးခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်တို့အား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကြာသပေးနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။ ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်အား ၎င်းတို့ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ယခုနှစ် ဩဂုတ်လအစောပိုင်းတွင် အစ္စရေးဘက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုဖမ်းဝရမ်းအထုတ်ခံရသူများတွင် မိုဟာမက်ဒိတ်ဖ်လည်း ပါဝင်လာသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် စစ်ရာဇဝတ်မှုဖြင့် ICC မှ ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံးသော ဒီမိုကရေစီနိုင်ငံခေါင်းဆောင်ဖြစ်လာသည်။ ဖမ်းဝရမ်းအထုတ်ခံရသူ သုံးဦးသည် အစ္စရေး-ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားများ ရရှိထားသည်ဟု ICC တရားသူကြီးများက ဆိုသည်။ ICC ၏ ယင်းဆုံးဖြတ်ချက်နှင့် နေတန်ညာဟုက “ဂျူးမုန်းတီးဆန့်ကျင်ရေးလုပ်ရပ်”ဟု ရှုတ်ချဝေဖန်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အရေးပါသည့် သမိုင်းအစဉ်အလာတစ်ခု ဖြစ်သည်ဟု […]

အဏုမြူလက်နက်ရှင်နိုင်ငံများ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တရုတ် တိုက်တွန်း

Dawei Watch

November 21, 2024

ရုရှားအဏုမြူလက်နက်ခြိမ်းခြောက်မှုနှင့်အတူ ဥရောပတွင် စစ်ပြင်မှုတိုးမြှင့်လာချိန် အဏုမြူလက်နက်ရှင်နိုင်ငံများ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တရုတ်နိုင်ငံက ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။ “လက်ရှိအနေအထားမှာ သက်ဆိုင်ရာအစုအဖွဲ့အားလုံးက စိတ်အေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ လိုအပ်တယ်။ စစ်ရှိန်လျှော့ချနိုင်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းက တစ်ဆင့် မဟာဗျူဟာမြောက် အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လိုတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံထဲသို့ အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်ရန် ယူကရိန်းအား ပထမဆုံး ခွင့်ပြုလိုက်သည့် သမ္မတဘိုင်ဒန်၏ ဆုံးဖြတ်ချက်ကို ရုရှားဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ယူကရိန်းကဲ့သို့သော အဏုမြူလက်နက်မပိုင်သည့် နိုင်ငံများအား အဏုမြူလက်နက်ပိုင် နိုင်ငံများက ထောက်ခံအားဖြည့်မှု ပြုနေလျှင် ယင်းအဏုမြူလက်နက်မဲ့နိုင်ငံအား အဏုမြူလက်နက်ဖြင့် တိုက်ခိုက်သွားမည့် မူဝါဒအပြောင်းအလဲကို […]

ရုရှား အဏုမြူလက်နက်ခြိမ်းခြောက်မှုကြောင့် ဥရောပတွင် စစ်ပြင်

Dawei Watch

November 20, 2024

ရုရှားဘက်မှ အဏုမြူလက်နက်အသုံးပြုမည့် ကန့်သတ်ချက်ကို လျှော့ချရန် ပူတင်က အင်္ဂါနေ့တွင် ဆုံးဖြတ်လိုက်ပြီးနောက် ဥရောပနိုင်ငံများတွင်လည်း စစ်ပွဲအတွက် ပြင်ဆင်မှုများ တိုးမြှင့်လာသည်။ အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနိုင်ငံထဲသို့ ယူကရိန်းက ပစ်ခတ်တိုက်ခိုက်လိုက်သည့် နေ့မှာပင် ပူတင်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယူကရိန်း – ရုရှားစစ်ပွဲ ပိုကျယ်ပြန့်လာလျှင် ဂျာမနီအနေဖြင့် နေတိုးတပ်ဖွဲ့ အမြောက်အများ အခြေစိုက်ရာ နိုင်ငံအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမန်သတင်းဌာနက ဖော်ပြခဲ့သည်။ နောက်တစ်နေ့မှာပင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် ပူတင်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂျာမနီအနေဖြင့် နေတိုးတပ်ဖွဲ့ဝင် ၈ သိန်းကို လက်ခံထားပြီး စစ်ဆင်ရေးပစ္စည်းများ၊ ရိက္ခာနှင့် ဆေးဝါးများကို ရှေ့တန်းသို့ ပို့ဆောင်ရာတွင် ထောက်ပံ့ရေးဗဟိုချက်အဖြစ် စီစဉ်လက်ခံသွားမည်ဖြစ်ကြောင်း လတ်တလောထွက်ရှိလာသည့် […]

ဟောင်ကောင်ဒီမိုကရေစီအရေးဦးဆောင်သူ လေးဆယ်ကျော် ထောင်ဒဏ်ချမှတ်ခံရ

Dawei Watch

November 19, 2024

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄၅ ဦးအား ဟောင်ကောင်အဆင့်မြင့်တရားရုံးကယနေ့ အင်္ဂါနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိရှိသော အပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ အငြင်းပွားစရာ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်အစိုးရအား ဖြိုဖျက်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။ Hong Kong 47 ဟု အမည်ပေးထားသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖွဲ့၏ အဖွဲ့ဝင် ၄၇ ဦးအား ၂၀၂၁ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီးတရားစွဲခဲ့သည်။ ၂၀၂၀ ခုနှစ် ဒေသရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ကြိုတင်ရွေးချယ်နိုင်ရေး ကြံစည်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယင်းနောက် အဖမ်းခံရသူများထဲမှ နှစ်ဦးမှာ မေလတွင် တရားသေ လွတ်မြောက်လာခဲ့သည်။ အင်္ဂါနေ့ ထောင်ဒဏ်အမိန့်ချမှတ်ခံရသူများတွင် နာမည်ကြီးတက်ကြွလှုပ်ရှားသူ Joshua Wong နှင့် Hong […]

အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်ဖြင့် ယူကရိန်း၏ တိုက်ခိုက်မှု တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဟု ရုရှား ဆို

Dawei Watch

November 18, 2024

ရုရှားနယ်မြေအတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နိုင်ရန် တာဝေးပစ်ဒုံးကျည်များ ယူကရိန်းသို့ ပေးအပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းပဋိပက္ခ ပိုအရှိန်မြင့်လာပြီး တတိယကမ္ဘာစစ်ဆီ ဦးတည်သွားစေနိုင်ကြောင်း ရုရှား အကြီးတန်း လွှတ်တော်အမတ်များက ပြောဆိုခဲ့သည်။ “နောက်တနေ့မနက်မှာပဲ ယူကရိန်းရဲ့ နိုင်ငံဖြစ်မှု လုံးဝပျက်စီးသွားစေနိုင်လောက်အောင် စစ်ရှိန်မြှင့်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးကို အနောက်အုပ်စုဘက်က ချမှတ်လိုက်ပါတယ်” ဟု ရုရှားအထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ၏ စီနီယာအဖွဲ့ဝင်တစ်ဦးဖြစ်သူ Andrei Klishas က ဆိုခဲ့ပါတယ်။ ယင်းဆုံးဖြတ်ချက်ကြောင့် ရုရှားဘက်မှလည်း ချက်ချင်းတုံ့ပြန်သွားမည်ဟု ရရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Vladimir Dzhabarov က ပြောပါတယ်။ “ဒါဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့အတွက် အင်မတန်ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းပဲ” ဟု Dzhabarov က ပြောဆိုခဲ့ကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ အနောက်အုပ်စုက […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 15, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ အစ္စရေးဘောလုံးပရိသတ်တွေ နယ်သာလန်မှာ တိုက်ခိုက်ခံရ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်မှာ အစ္စရေးဘောလုံးကလပ်အသင်းကို လာရောက်အားပေးသူတွေ တိုက်ခိုက်ခံရပါတယ်။ တိုက်ခိုက်မှုအပေါ် နယ်သာလန်နဲ့ အစ္စရေးခေါင်းဆောင်တွေ ဝေဖန်ထားတာပါ။ ယူရိုပါလိဒ် ဘောလုံးပွဲစဉ်အတွက် အိမ်ရှင်နယ်သာလန်ကလပ်သင်း Ajax နဲ့ အစ္စရေးကလပ်အသင်း Maccabi Tel Aviv တို့ နိုဝင်ဘာလ ၈ ရက်နေ့က ကစားခဲ့တဲ့အချိန် အစ္စရေးအသင်းကိုအားပေးသူတွေနဲ့ ပါလက်စတိုင်းလိုလားသူတစ်ချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၆၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဘောလုံးကွင်းနားမှာ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတွေ မလုပ်ရဘူးလို့ မြို့တော်ဝန်ကတားမြစ်ထားတဲ့ကြားက ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကစားပွဲမှာတော့ အိမ်ရှင် Ajax အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Ref: Aljazeera ……………………………….. ပါကစ္စတန် ဘူတာရုံ တိုက်ခိုက်ခံရမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်ထဲက မီးရထားဘူတာရုံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြည်နယ်မြို့တော် ကွယ်တာမှာ ရထားအလာ စောင့်နေကြတဲ့ လူပေါင်း ၁၀၀ လောက်ရှိတဲ့ လူအုပ်ထဲမှာ နိုဝင်ဘာ ၉ ရက်နေ့က အပြင်းအထန် ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပြီး ၁၀ ထက်မနည်း စိုးရိမ်းရတယ်လို့ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ သေဆုံးဒဏ်ရာရသူတွေရဲ့ တစ်ဝက်လောက်က ပါကစ္စတန်စစ်တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆေးရုံဘက်က ဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို Baloch လွတ်မြောက်ရေးတပ်မတော် BLA က လုပ်တာလို့ ထုတ်ဖော်ထားပြီးတပ်ဖွဲ့ဝင်တွေကို အဓိကထား တိုက်ခိုက်တာလို့ ဆိုပါတယ်။ Ref: BBC ……………………………….. ဘာလင်တံတိုင်းကြီး ဖြိုချခဲ့တာ ၃၅ နှစ်ပြည့်ပြီ ဂျာမနီနိုင်ငံက ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့သော ၃၅ နှစ်ပြည့်နေ့ကို နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ဘာလင်တံတိုင်းက စစ်အေးကာလ နှစ်ပေါင်း သုံးဆယ်နီးပါး အရှေ့နဲ့ အနောက်ဂျာမနီကိုပိုင်းခြားထားတာပါ။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရချိန် လွတ်လပ်ခွင့်ကို ထိန်းသိမ်းကြ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနှစ် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် တန်ဖိုးထားလို့ မရဘူးလို့ ဂျာမဏီဝန်ကြီးချုပ်က ဆိုပါတယ်။ အခမ်းအနားမှာ အရှေ့ဂျာမနီကနေ လွတ်မြောက်ဖို့ အနောက်ဂျာမနီကို ကြိုးစားထွက်ပြေးရင်းသေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဂျာမဏီနိုင်ငံကို နှစ်ပိုင်းပိုင်းထားတဲ့ ဘာလင်အုတ်တံတိုင်းကြီးကို ပြည်သူ့အင်အားနဲ့ ဖြိုချနိုင်ခဲ့တာပါ။ နောက် ၁ နှစ်အကြာမှာ အရှေ့နဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး အရှေ့ဂျာမနီကပြည်သူတွေ လွတ်လပ်မှု အရသာကို တန်းတူခံစားနိုင်ခဲ့ကြပါတယ်။ Ref: The Guardian ……………………………….. တရုတ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒိုးပြည်နယ် ဇူဟိုင်းမြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေတဲ့ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ကားတိုက်မှုကြောင့် နောက်ထပ် လူပေါင်း ၄၃ ဦးဒဏ်ရာရရှိသွားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောခဲ့တာပါ။ ကားနဲ့တိုက်သူဟာ အသက် ၆၂ နှစ်အရွယ်ရှိပြီး သူ့ရဲ့အမည်ကို Fan လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ကားနဲ့ဝင်တိုက်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ပြောဆိုထားတာ မရှိသေးပါဘူး။ Ref: BBC ……………………………….. သမ္မတဂျိုးဘိုင်ဒန်က အာဏာလွှဲပြောင်းရေး ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ […]