ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အမေရိကန်ရွေးကောက်ပွဲအတွင်း တရုတ် ဆိုက်ဘာတိုက်ခိုက်

Dawei Watch

November 14, 2024

သမ္မတရွေးကောက်ပွဲကာလတွင်း အမေရိကန်တယ်လီကွန်းဆက်သွယ်ရေးစနစ်များ ဖောက်ထွင်းခံရမှုတစ်ခုသည် မျှော်လင့်ထားသည်ထက် ပိုကြီးမားကျယ်ပြန့်ပြီး တရုတ်အစိုးရနှင့် ဆက်စပ်နေသည်ဟု စုံစမ်းစစ်ဆေးရေးအေဂျင်စီများက ဗုဒ္ဓဟူးနေ့က သတိပေးထုတ်ပြန်ခဲ့သည်။ ယင်းဖောက်ထွင်းမှုသည် အမေရိကန်ပြည်ထောင်စုကို လျှို့ဝှက်ထောက်လှမ်းရန် အကြီးအကျယ်ကြိုးစားနေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရနှင့် ဆက်စပ်သော ဟက်ကာများ၏ ယင်းဆိုက်ဘာတိုက်ခိုက်မှုကို အမေရိကန်စုံစမ်းစစ်ဆေးရေးအေဂျင်စီများမှ ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ပထမဆုံးစတင် သတိပြုတွေ့ရှိခဲ့သည်။ ဆက်လက်စုံစမ်းစစ်ဆေးကြည့်ရာ ယင်းဖောက်ထွင်းမှုမှာ “ကြီးမားကျယ်ပြန့်သည့် သူလျှိုစစ်ဆင်ရေးတစ်ခု” ဖြစ်နေကြောင်း FBI နှင့် CISB ၏ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်တယ်လီကွန်းကုမ္ပဏီများ၏ ကွန်ရက်စနစ်များကို ဖောက်ထွင်းခဲ့ပြီးနောက် ယင်းဟက်ကာများသည် များစွာ အရေးကြီးသည့် သတင်းအချက်အလက်အစုအဝေးကို လက်လှမ်းမီသွားခဲ့သည်ကို စုံစမ်းစစ်ဆေးမှုအရ အတည်ပြုပြီးဖြစ်ကြောင်း အထက်ပါ အေဂျင်စီနှစ်ခုက ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံသားများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ ၊ အစိုးရအရာရှိများနှင့် […]

အီလွန်မတ်စ်နှင့် ရာမဆွာမိ အမေရိကန် အစိုးရဌာနအသစ်ကို ဦးဆောင်မည်

Dawei Watch

November 13, 2024

ယခင်က မရှိခဲ့ဖူးသည့် အစိုးရဌာနသစ်တစ်ခုကို ၎င်းလက်ထက်တွင် စတင်ဖွဲ့စည်းကာ နာမည်ကျော်စီးပွားရေးသမားနှစ်ဦးဖြစ်သူ အီလွန်မတ်စ်နှင့် ဗီဗက်ရာမဆွာမိတို့ကို ဦးဆောင်စေမည် ဖြစ်ကြောင်း အမေရိကန် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်း၏ သမ္မတဒုတိယသက်တမ်းအတွင်း ပထမဆုံး ပေါ်ပေါက်လာမည့် အစိုးရစွမ်းရည်မြှင့်တင်ရေးဌာန (DOGE) သည် ဖက်ဒရယ်အစိုးရအေဂျင်စီတစ်ခုအဖြစ် ရှိနေမည် မဟုတ်ဘဲ အစိုးရအဖွဲ့၏ ပြင်ပမှနေ၍ အကြံဉာဏ်နှင့် လမ်းညွှန်မှုပေးမည့် ဌာနဟု ထရမ့်က ဆိုသည်။ အိမ်ဖြူတော် ၊ ဘတ်ဂျက်နှင့် စီမံခန့်ခွဲမှုရေးရာဌာနတို့နှင့် အတူလက်တွဲဆောင်ရွက်ကာ “အစိုးရယန္တရားပြုပြင်ပြောင်းလဲရေး”ကို မောင်းနှင်သွားမည်ဟု ၎င်းက ပြောသည်။ ထရမ့်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်သည် စီးပွားရေးလောကမှ ၎င်းအပေါ် အကြီးမားဆုံး ထောက်ခံသူနှစ်ဦးကို ပြန်ဆုချသည့် ပုံစံပေါက်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြထားသည်။ အီလွန်မတ်စ်သည် […]

တရုတ်အပေါ် သဘောထားတင်းမာသည့် ဆီးနိတ်အမတ် ကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ

Dawei Watch

November 13, 2024

အမေရိကန် အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်သည် ဆီးနိတ်အမတ် မာကိုရူဘီယိုအား ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ််ဖို့ ရှိနေကြောင်း ထရမ့်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များကို ကိုးကား၍ The New York Times က  တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဒေါ်နယ်ထရမ့်သည်၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြင်ဆင်လျက်ရှိပြီး အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အလျှင်အမြန် ကြိုးပမ်းလျက်ရှိသည်။ ထရမ့်အနေဖြင့် ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်အထိ ပြင်ဆင်နိုင်သေးသော်လည်း မာကိုရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပုံပေါ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက ပြောသည်။ မာကိုရူဘီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလျှင် အဓိကကြုံရမည့် မေးခွန်းမှာ အမေရိကန်အနေဖြင့် တရုတ်ကို ပိုဦးစားပေးကိုင်တွယ်နိုင်ရန်အတွက် အခြားနိုင်ငံများမှ ၎င်းတို့၏ ပါဝင်စွက်ဖက်မှုများကို စွန့်လွှတ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။ […]

ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရ

Dawei Watch

November 11, 2024

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗီယက်နမ်အစိုးရပိုင် မီဒီယာက စနေနေ့က အသိပေးထုတ်ပြန်ခဲ့သည်။ အစိုးရကို ဆန့်ကျင်သူများအား နှိပ်ကွပ်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံတွင် ယင်းဖြစ်ရပ်က ယခုနောက်ဆုံး ပူပူနွေးနွေးထွက်ပေါ်လာခြင်း ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူသည် ထရန်ခက်ဒွတ်ခ်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို ဆန့်ကျင်ရန် ရည်ရွယ်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ ပစ္စည်းများကို ဖန်တီး၊ သိုလှောင်၊ ဖြန့်ဝေမှုများဖြင့် စွဲချက်တင်ထိန်းသိမ်းခံထားရကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းမှာ စက်တင်ဘာလကတည်းက ထိန်းသိမ်းခံထားရသော်လည်း အစိုးရပိုင်မီဒီယာမှ စနေနေ့တွင် ပထမဆုံး အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒွတ်ခ်သည် ဒီမိုကရေစီနှင့် ပဒေသာစုံဖြစ်ထွန်းမှုအစည်းအရုံး(Assembly for Democracy and Pluralism) နှင့် ပတ်သက်ဆက်နွှယ်နေသူတစ်ဦး ဖြစ်သည်။ ယင်းအဖွဲ့အစည်း၏ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဗလန်စီယာဒေသ တစ်ခုထဲမှာတင် သေဆုံးသူ ၂၀၀ ကျော်ခဲ့တာပါ။ ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေကနေ စပိန်နိုင်ငံမှာ လူသေဆုံးမှုတွေအထိ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာလည်း မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေခဲ့တာပါ။ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း […]

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Dawei Watch

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။ အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ […]

ထရမ့် သမ္မတဖြစ်ပြီဟု အမေရိကန်သတင်းဌာန Fox News ကြေညာ

Dawei Watch

November 6, 2024

ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို အံ့အားသင့်စရာ အနိုင်ယူ၍ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီဟု Fox News သတင်းဌာနက ကြေညာလိုက်သည်။ ယခုရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အိမ်ဖြူတော်တွင် လေးနှစ်သက်တမ်းကို ဒုတိယအကြိမ် ထပ်မံထမ်းဆောင်ရတော့မည် ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းနှစ်ကြိမ်ကို ဆက်တိုက်မဟုတ်ဘဲ အနိုင်ရခဲ့သူ နှစ်ဦးသာ ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က တစ်ဦးဖြစ်သည်။ ယင်းကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတဂရိုဗာကလီးဗ်လန်းလက်ထက် ၁၈၉၂ ခုနှစ်နောက်ပိုင်း ဆက်တိုက်မဟုတ်သည့် သမ္မတသက်တမ်းနှစ်ကြိမ်ကို တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာသည်။ ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ၃ ကြိမ်ယှဉ်ပြိုင်ရာတွင် ၂ ကြိမ်အနိုင်ရခဲ့သူဖြစ်ပြီး […]

ကန်ရွေးကောက်ပွဲ သတင်းအမှားဖြန့်ရန် ရုရှား ငွေယူခဲ့ကြောင်း နာမည်ကြီးဘလော့ဂါ ဝန်ခံ

Dawei Watch

November 5, 2024

အမေရိကန်ရွေးကောက်ပွဲတွင် ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက မဲပေးနေကြောင်း သတင်းအမှား ဖြန့်ချိရန် ရုရှားအစိုးရ ဝါဒဖြန့်တစ်ဦးထံမှ ဒေါ်လာ ၁၀၀ လက်ခံရရှိခဲ့ကြောင်း ထရမ့်ပ်ကို ထောက်ခံသည့် အမေရိကန်ဘလော့ဂါတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားသည် မက်ဆာချူးဆက်ပြည်နယ်သားတစ်ဦး ဖြစ်ပြီး X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်း၏ နိုင်ငံရေးအမြင်များကို ရေးသားပြောဆိုလေ့ရှိသူ ဖြစ်သည်။ ၎င်း အသုံးပြုသည့် @AlphaFox78 ဆိုသည့် အကောင့်တွင် ဖော်လိုဝါပေါင်း ၆ သိန်းခွဲ ရှိသည်။ ဟေတီနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတစ်ဦးက ဂျော်ဂျီယာပြည်နယ်တွင် ကမ်မလာဟဲရစ်အား အနည်းဆုံးနှစ်ကြိမ် မဲပေးမည်ဟု ပြောဆိုနေသည့် ရုပ်သံဖိုင်ကို ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ ယင်းဗီဒီယိုမှာ သတင်းအမှားဖြန့်ချိရန်အတွက် ရုရှားဘက်မှ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။ ရုရှားသရုပ်ဆောင်များကို […]