တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
August 18, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ရုရှားသုံး ရူဘယ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ ရုရှားနိုင်ငံသုံးငွေ ရူဘယ်တန်ဖိုးက ယူကရိန်းစစ်ပွဲ စတင်ကတည်းကဆိုရင် အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ဆိုလိုက်ပြီး အတိုးနှုန်းကို ပြန်လည်သုံးသပ်ဖို့ ပြောဆိုခဲ့ရပါတယ်။ စွမ်းအင်နဲ့ပတ်သက်တဲ့ ပို့ကုန်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားချိန် စစ်အသုံးစရိတ်များလာချိန် ရူဘယ်တန်ဖိုးက ကျဆင်းလာတာပါ။ ဩဂုတ်လ ၁၄ ရက်နေ့က အမေရိကန် ၁ ဒေါ်လာမှာ ရုရှား ရူဘယ်ငွေ ၁၀၀ ကျော်သွားခဲ့ပြီး ယခုနှစ်စနဲ့နှိုင်းလိုက်ရင် တန်ဖိုးငွေ ၃၀ ရာနှုန်းအထိ ကျသွားခဲ့တာဖြစ်ပါတယ်။ […]


