ခရီးသည် ၃၀၀ ကျော်ပါ ဂျပန်လေယာဥ် ပြေးလမ်းကိုဆင်းစဉ် တိုက်မိပြီးမီးလောင်
Dawei Watch
January 2, 2024ခရီးသည်နှင့်ဝန်ထမ်း ၃၇၉ ဦး လိုက်ပါလာခဲ့သည့် ဂျပန်လေကြောင်းပိုင် ခရီးသည်တင် လေယာဥ်မှာ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ် (Henada) ပြေးလမ်းကို ဆင်းသက်စဉ် အခြားလေယာဉ်တစ်စီးနှင့်တိုက်မိခဲ့ပြီး မီးလောင်သွားကြောင်း သိရသည်။ ယနေ့ (ဇန်နဝါရီ ၂) ညနေပိုင်းတွင် ပြေးလမ်းသို့ ဆင်းသက်ချိန် ငလျင်ဒဏ်ခံရသောနေရာများကို ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးနေသော ကမ်းခြေစောင့်လေယာဥ်တစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အာဏာပိုင်များ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။ လေယာဥ်ပေါ်ပါ ခရီးသည်နှင့် ဝန်ထမ်းအားလုံးကို ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း တစ်ဖက်လေယာဉ်ပေါ်လိုက်ပါလာသူ ၆ ဦးအနက် ၅ ဦး သေဆုံးခဲ့ပြီး လေယာဉ်မောင်းသူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CNN ၏ ဖော်ပြချက်အရ သိရသည်။ လေယာဥ်ပြတင်းပေါက်နှင့် အောက်ပိုင်းမှတစ်ဆင့် မီးတောက်များ တိုးထွက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပြေးလမ်းလည်း […]


