ရွှေတြိဂံနယ်မြေကို ထိုင်းက ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်
Dawei Watch
July 24, 2024ထိုင်းနိုင်ငံဘက်က ရွှေတြိဂံနယ်မြေရှိ Kings Romans ကယ်စီနိုလုပ်ငန်းနေရာသို့ ပေးနေသော ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ယနေ့ ဇူလိုင် ၂၄ ရက်မှစ၍ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။ လာအိုနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ တရားမဝင် အွန်လိုင်းရာဇဝတ်မှုများအပါအဝင် Call Centre ဂိုဏ်းများကို ဖြိုဖျက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ‘သူခိုးဓားပြများ၏ တံတားများကို ဖြိုဖျက်ရေး’ ဟု ကုဒ်အမည်ပေးထားသော စီမံချက်အရ ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့် ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ အရာရှိများက ထိုင်းရဲတပ်ဖွဲ့၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသားများ ဦးစီးလုပ်နေသော အွန်လိုင်းရာဇဝတ်မှုများအပါအဝင် နယ်စပ်ဒေသရှိ Call Centre ငွေလိမ်လုပ်ငန်းများကို ဖြိုဖျက်နိုင်ရေး နှိမ်နင်းနိုင်ရေး […]


