တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
May 16, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၀ ရက်မှ ၁၆ ရက်အထိ ဂျပန်မှာ လေ့ကျင့်ရေး စစ်လေယာဉ်ပျက်ကျ ဂျပန်နိုင်ငံအလယ်ပိုင်း အိုက်ချီစီရင်စုမှာရှိတဲ့ ရေကန်ထဲကို လေ့ကျင့်ရေး စစ်လေယာဉ်တစင်း မေလ ၁၄ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေတပ်မှ T4 လေ့ကျင့်ရေးလေယာဉ် ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်ပေါ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါသွားတာပါ။ တပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ လေယာဉ်ကို အခြားလေ့ကျင့်ရေးလေယာဉ် ၂၀၀ လောက်နဲ့ မေလ ၁၆ ရက်နေ့အထိ ရှာဖွေနေဆဲလို့ ဆိုပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အခြေအနေကို မသိရသေးပါဘူး။ လေယာဉ်ပျက်ကျတဲ့ အနီးတဝိုက်က အခြေအနေနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ […]


