အမေရိကတွင် တရားမဝင်နေထိုင်သူများကို ဘုရားကျောင်းနှင့် စာသင်ကျောင်းများတွင်ပါ ဝင်ရောက်ဖမ်းဆီးရန်ခွင့်ပြု
Dawei Watch
January 22, 2025အမိမြေလုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည့် မူဝါဒအသစ်အရ အမေရိကန်စာသင်ကျောင်းများ ၊ ဘုရားကျောင်းများရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဝင်ရောက်ဖမ်းဆီးခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် စာသင်ကျောင်းများ ၊ ဆေးရုံဆေးခန်းများ ၊ ဘုရားကျောင်းများ အစရှိသည့် အထိအခိုက်မခံနိုင်သည့် နေရာများတွင် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးနိုင်မှုကို တားမြစ်ထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက ပြဌာန်းထားသည့် မူဝါဒအရ ယင်းသို့ တားမြစ်ထားခြင်း ဖြစ်သော်လည်း ယင်းမူဝါဒကို အင်္ဂါနေ့တွင် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်သဖြင့် ဖမ်းဆီးခွင့်ရသွားခြင်းဖြစ်သည်။ အဆိုပါနေရာများ၌ ဖမ်းဆီးမှုများ လုပ်ဆောင်ရာတွင် လက်တွေ့ကျကျ အခြေခံအရပ်သားအသိဖြင့် စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်ထားသူများအနေဖြင့် စာသင်ကျောင်းများ ၊ ဘုရားကျောင်းများတွင် ပုန်းခိုနေထိုင်နိုင်တော့မည်မဟုတ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ သမ္မတထရမ့်တက်လာပြီးနောက် အမေရိကန်နိုင်ငံတလွှားရှိ ရွှေ့ပြောင်းနေထိုင်သူ အများအပြား […]


