ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 4, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကုလလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်မည်

Dawei Watch

February 4, 2025

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်မည့် သမ္မတအမိန့်အာဏာတစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်က ယနေ့ (အင်္ဂါနေ့)​တွင် လက်မှတ်ထိုးမည် ဖြစ်သည်။ အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးအား ကိုးကား၍ NPR သတင်းဌာနက ယင်းသို့ဖော်ပြထားသည်။ အမေရိကန်အိမ်ဖြူတော်သို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာ လာရောက်လည်ပတ်သည့် ယနေ့ မှာပင် အဆိုပါ သမ္မတအမိန့်အာဏာကို ထရမ့်က လက်မှတ်ထိုးမည် ဖြစ်သည်။​ သမ္မတထရမ့်သည် ၎င်း၏ ပထမအကြိမ် သက်တမ်းတုန်းကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ဖူးသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)သည် အစ္စရေးအပေါ် ဆန့်ကျင်ဘက်လိုက်မှုများ ရှိနေသည်ဟု အမေရိကန်ပါတီကြီးနှစ်ရပ်စလုံးမှ စွပ်စွဲပြောဆိုလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ ယနေ့ လက်မှတ်ထိုးမည့် ထရမ့်၏ သမ္မတအမိန့်အာဏာတွင် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအေဂျင်စီ(UNRWA) အတွက် အမေရိကန်၏ အနာဂတ် ရန်ပုံငွေထောက်ပံ့မှုများကိုလည်း ဖြတ်တောက်သွားမည် ဖြစ်သည်။ ယင်းအေဂျင်စီသည် ဂါဇာရှိ […]

Brexit နောက်ပိုင်း အီးယူခေါင်းဆောင်များအစည်းအဝေး ဗြိတိန်ဝန်ကြီးချုပ် ပထမဆုံးပြန်တက်

Dawei Watch

February 3, 2025

ဘယ်လ်ဂျီယမ်နိုင်ငံ ၊ ဘရပ်ဆဲလ်မြို့၌ ယနေ့ တနင်္လာနေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဥရောပသမဂ္ဂ(EU)မှ ဗြိတိန်နိုင်ငံ ခွဲထွက်သွားသည့် ‘Brexit’ ဖြစ်ရပ်နောက်ပိုင်း ဥရောပသမဂ္ဂခေါင်းဆောင်များအစည်းအဝေးတစ်ခုကို ဗြိတိန်ဝန်ကြီးချုပ်တစ်ဦးက ပထမဆုံး ပြန်လည်တက်ရောက်ခြင်းပင် ဖြစ်သည်။ ယင်းသို့ ဖြစ်ပေါ်လာစေရန် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတပြန်ဖြစ်လာခြင်းက တွန်းအားပေးလိုက်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။ ယင်းအစည်းအဝေးတွင် ဥရောပသမဂ္ဂ(EU) နှင့် ဗြိတိန်နိုင်ငံတို့အကြား ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရေး ကျယ်ပြန့်သည့် နိုင်ငံရေးရည်မှန်းချက်များကို အဓိကဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်။ ယင်းခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)၏ အထွေထွေအတွင်းရေးမှူး Mark Rutte နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 3, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

January 31, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆိုမာလီယာမှာ မိုးခေါင်ရေရှားလို့ သုံးနှစ်အတွင်း လူ ၇၀,၀၀၀ ကျော် သေဆုံး ဆိုမာလီယာနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားခဲ့ရလို့ သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိပြီလို့ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNCEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ဆိုမာလီယာကျန်းမာရေး ဝန်ကြီးဌာနတို့ပါဝင်တဲ့ ကော်မရှင်ရဲ့ လေ့လာချက်ကနေ ထုတ်ပြန်လိုက်တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သေဆုံးသူတွေဖြစ်ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းက အသက် ၅ နှစ်အောက် ကလေးငယ်တွေ […]

ထိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့သဖြင့် အမဲသား အစိမ်းမစားကြရန်သတိပေး

Dawei Watch

January 31, 2025

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့ရှိထားသဖြင့် အမဲသားကို အစိမ်းမစားကြရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အီစန်ဒေသက ခေါင်ကယ်ခရိုင်ရှိ နွားများတွင် ယခုလ အစောပိုင်းကစ၍ ခွေးရူးပြန်ရောဂါပိုးကို တွေ့ရှိလာရသဖြင့် အမဲသား အစိမ်းများကို မစားကြရန် သတိပေးထားခြင်းဖြစ်သည်။ ရောဂါပိုးကို ကာကွယ်ထိန်းချုပ်နိုင်ရန် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အမဲသားကိုအစိမ်းမစားဘဲ ချက်ပြုတ် စားသောက်ကြရန် ထုတ်ပြန်ထားသည်။ ချက်ပြုတ်စားသောက်ပါက အန္တရာယ်မရှိကြောင်း ဖော်ပြသည်။ ခွေးရူးတစ်ကောင်က သားသတ်ရန် ကြိုးချည်ထားသည့် နွားကို ဝင်ကိုက်ခဲ့ပြီး အဆိုပါနွား၏ အသားကို ပြည်သူများက စားသောက်ခြင်း၊ အဆိုပါခွေးကိုက်ရာမှ အခြားတိရစ္ဆာန်များကို ကူးစက်မှုတို့မှတစ်ဆင့် ခွေးရူးပြန်ရောဂါပိုး ပြန့်နှံ့သွားကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။ ထို့ကြောင့် နယ်မြေခံကျန်းမာရေးဌာနများက ရောဂါပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 31, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 30, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။