လောင်းလုံး ဒေသခံတစ်ဦး ထောက်ပို့ထီ ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူး
Dawei Watch
February 3, 2026၂၅ ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦး ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံမှ သိရသည်။ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ထံမှ ကိုယ်စားလှယ်ယူရောင်းထားသည့်အနက် ဒေသခံတစ်ဦးက 0009791 နံပါတ်ထီလက်မှတ်ဖြင့် ကံထူးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ကံထူးတာက အရပ်သားပါဗျ။ ပထမဆု အပါဝင် ဆုပေါင်း ၉၀ကျော်လည်း ကံထူးပါတယ်။ ဆုကြီးက အခုတစ်ခါ ပထမဆုံးပေါက်တာပါ။ အသေးစိတ်ကိုတော့ ကျွန်တော် တို့pageကထုတ်ပြန်ပေးမှာပါ ” ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက် တနင်္သာရီတိုင်းမှ ထီကိုယ်စားလှယ် အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု လေးကြိမ် ၊ ဒုတိယဆု တစ်ကြိမ် […]


