ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့တွင် စစ်ကော်မရှင်ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲအတွက် ညမထွက်ရအမိန့် တစ်ရက်ရုပ်သိမ်း

Dawei Watch

December 19, 2025

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကရင်ရိုးရာ နှစ်သစ်ကူးနေ့တွင် ထားဝယ်မြို့၌ ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ကော်မရှင်အဖွဲ့က ညမထွက်ရအမိန့်ကို တစ်ရက်တာ ရုပ်သိမ်းထားကြောင်း မြို့ခံများထံမှသိရသည်။ ညမထွက်ရ အမိန့်တစ်ရက်တာ ရုပ်သိမ်းကြောင်းကို တိုင်းစစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ မြို့အနှံ့ အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ညမထွက်ရုပ်သိမ်းတာက ဒီဇင်ဘာ ၁၉ ရက် ကရင်နှစ်သစ်ကူးနေ့ တစ်ရက်တည်းပါ၊ နှစ်သစ်ကူးနေ့ အခမ်းအနားကတော့ အရင်အတိုင်း ရွှေဝယ်သီရိ အားကစားကွင်းမှာ ပြင်ဆင်ထားတာတွေ့ရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ တွင် စစ်ကော်မရှင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှနံနက် ၃ နာရီအထိဖြစ်သည်။ ယနေ့ ထားဝယ်မြို့ ၊ရွှေဝယ်သီရီအားကစားကွင်း၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းအချို့ပြသထားသည့်အပြင် […]

ထားဝယ်တွင် အပတ်စဥ် စတိတ်ရှိုးလုပ်ရန် တိုင်းစစ်ကော်မရှင် စီစဥ်နေ

Dawei Watch

December 19, 2025

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့၏ ကမ်းနားလမ်း၌ ယခုလာမည့် ခရစ္စမတ်နေ့မှစကာ သောကြာနေ့တိုင်း အပတ်စဥ် အခမဲ့ စတိတ်ရှိုးပွဲများ ကျင်းပရန် စီစဥ်နေကြောင်း မြို့ခံများထံမှသိရသည်။ ကမ်းနားလမ်း၊ သဲကွင်းတွင် ဒီဇင်ဘာလအတွင်း စတိတ်စင်တစ်ခု အခိုင်အမာဆောက်၍ ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ကမ်းနားလမ်းအနီး နေထိုင်သူများကဆိုသည်။ “စတိတ်စင်က စည်ပင်ကဆောက်နေတာ စည်ပင်အပိုင်ပေါ့။ နောက်ဆိုပွဲတွေအားလုံး အဲဒီမှာလုပ်လိမ့်မယ်။ သောကြာနေ့တိုင်းလည်း free show(အခမဲ့ စတိတ်ရှိုး) လုပ်ဖို့ရှိတယ်။ ဘယ်သူတွေ လာဆိုမယ်တော့ မသိရသေးဘူး ” ဟု တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။ စစ်အာဏာရှင်တပ်နှင့်ပူးပေါင်းကာ စတိတ်ရှိုးအတွက် လုံခြုံရေးကိစ္စ ဆွေးနွေးတိုင်ပင်နေမှုများ ရှိသည်ဟု မျက်မြင်များထံမှ စုံစမ်းသိရှိရသည်။ တိုင်းစစ်ကော်မရှင်သည် ပြီးခဲ့သည့်တန်ဆောင်တိုင်ကာလ (နိုဝင်ဘာလ)တွင် ကမ်းနား(ကွန်ကရစ်)လမ်းကို နိုင်လွန်ကတ္တရာခင်းခဲ့ပြီး ပျံကျစျေးသည်များကို စျေးရောင်းခွင့်မပြုတော့ကြောင်း မြို့ခံများ […]

သရက်ချောင်းတွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမ အလောင်းပြန်တွေ့

Dawei Watch

December 18, 2025

သရက်ချောင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်စံပယ်သည် ဆင်ကျန်းရွာက အလယ်တန်းပြဆရာမဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်က CDM ဆရာမတစ်ဦးက ဆိုသည်။ ဆင်ကျန်းရွာရှိ အမျိုးများ၏ အိမ်တွင် သားသမီးနှစ်ဦးကို အပ်နှံထားပြီး ၎င်းတို့ဇနီးမောင်နှံမှာ ဗျက်ဝိသားကျေးရွာ ဥယျာဉ်ခြံတွင် နေထိုင်လုပ်ကိုင်စားသောက်နေကြောင်း ၎င်းက ပြောဆိုသည်။ ခင်ပွန်းဖြစ်သူမှာ စမ်းလှမ်းရွာဘက်ကို ငါးဖမ်းလှေလိုက်သွားချိန် တစ်ဦးတည်း ကျန်ခဲ့သည့် ဆရာမဒေါ်စံပယ်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ခင်ပွန်းဖြစ်သူနှင့် ဆွေမျိုးမိတ်ဆွေများက လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁၅ […]

ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

December 18, 2025

ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစပြီး နှစ်ဖက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ “တိုက်ပွဲဖြစ်နေတယ်။ ၁၂နာရီကျော်လောက်ကတည်းက လက်နက်ငယ်သံတွေ အရင်ထွက်လာတယ်။ ပြီးမှ (စစ်အာဏာရှင်တပ်) သူတို့ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း ဇဟာကျေးရွာရှိ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၂ အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ယနေ့ ညနေ ၃ နာရီခွဲအထိ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်အချို့မှာလည်း မောင်မယ်ရှောင်ကျေးရွာပတ်လည်တွင် ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း ၎င်းက […]

ရေဖြူ ခမောင်းချောင်းရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒေသခံနေအိမ်တစ်ဆောင်ကို မီးရှို့

Dawei Watch

December 17, 2025

ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိသော စစ်အာဏာရှင်တပ် စစ်ကြောင်း သည် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်းသည် ခမောင်းချောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှစ၍ လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၉နာရီခန့်တွင် ဘုန်းကြီးကျောင်းမှ ခမောင်းချောင်းကျေးရွာ အထက်ပိုင်းသို့ စစ်ကြောင်လာချိန် တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထို့နောက် ယင်းနေရာတွင်ပင် နေအိမ်တစ်လုံးကို ယင်းစစ်ကြောင်းက မီးရှို့ခဲ့ကြောင်း တော် လှန်ရေးတပ် နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောဆိုသည်။ “အဲဒီနေရာမှာ အိမ်တွေကတော့ တစ်အိမ်နဲ့ တစ်အိမ်ဝေးတယ်။ လောလောဆယ်တော့ အိမ်တစ်ဆောင်မီးရှို့ခံထားခဲ့ရတယ်ဆိုတာပဲ သိရသေးတယ်” […]

NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် ငါးဆယ်ခန့်ကို KNU ဖမ်းဆီး

Dawei Watch

December 17, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU ကဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူများအထဲတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူး ဒိုရာတို့ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ပါဝင်ကြောင်း ဒေသခံအချို့ထံမှသိရသည်။ “T 5 (ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း) ကတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေအကုန်လုံး ငါးဆယ်လောက်ရှိတယ် KNU က ဖမ်းလိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် […]

ရေဖြူ နတ်တွင်းရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့် နှစ်ရက်ဆက်ပစ်ခတ်

Dawei Watch

December 17, 2025

ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာဘက်ကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် စစ်အာဏာရှင် အမြောက်တပ်ရင်း အမတ ၃၀၄ က ဒီဇင်ဘာလ ၁၆ ရက်နှင့် ယနေ့ ဒီဇင်ဘာလ ၁၇ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တို့တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုလည်း လေးလုံးလောက်ရှိပြီ။ မနေ့က ၉ နာရီလောက်မှာ စပစ်တာ။ မနေ့ကလည်း သုံးလေးလုံးလောက်ရှိတယ်” ဟု ယင်းဒေသခံက ပြောဆိုသည်။ လက်နက်ကြီးကျည်များမှာ နတ်တွင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်က ယင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ ပြီးခဲ့သည့် […]

ဘဝါရွာ ဘုန်းကြီးကျောင်း မီးလောင်၊ ရှေးဟောင်း နှစ်ထပ်သစ်ကျောင်းကြီးပျက်စီး

Dawei Watch

December 16, 2025

ရေဖြူမြို့နယ်၊ ဘဝါကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဘဝါဘုန်းကြီးကျောင်း မီးလောင်ခဲ့ပြီး ရှေးဟောင်းနှစ်ထပ်သစ်ကျောင်းဆောင်ကြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ပျက်စီးနေသည့် ကျောင်းအစိတ်အပိုင်းများကို ပြုပြင်နေခြင်းဖြစ်ပြီး သစ်သားချောင်းများ ရွေပေါ်ထိုးရန် မီးစက်နှိုးထားစဉ် ဝါယာကြိုးရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျောင်းမှာက ၂၄ နာရီမီးမဟုတ်ဘူး။ ကိုယ်မီးစက်နဲ့ကိုယ် (မီးလောင်သွားတဲ့)ကျောင်းက မူလစတည်ထောင်ကတည်းက ကျောင်းကြီး ရှေးကျောင်းကြီးပါ သစ်သား နှစ်ထပ်ကျောင်းပေါ့ ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ပျက်စီးသွားတယ်”ဟု ယင်းဒေသခံကပြောသည်။ ငွေသား ကျပ်သိန်း ၈၀ နီးပါး၊ ရွှေတစ်ဆယ်သားခန့်နှင့်အတူ ဆိုင်ကယ်သုံးစီးလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။ “ပစ္စည်းတွေကတော့ စစ်ကြောင်းက ခဏခဏဝင်နေတော့ ရွာသားတွေအပ်ထားတဲ့ ပစ္စည်းတွေလည်းပါတယ်။ ရွှေကတော့ မီးလောင်ပြင်ထဲကပြန်ရတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ အဆိုပါဘုန်းကြီးကျောင်းသည် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ […]