သဘာ၀ဘေးအတွက် ထားဝယ် လေးမြို့နယ် ဖိုင်ဘာလှေတစ်စီးစီ ရမည်
diz_admin
January 30, 2020ရေကြီးရေလျှံခြင်းကဲ့သို့ သဘာ၀ဘေးကျရောက်ချိန်တွင် အသုံးပြုရန်အတွက် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ဖိုင်ဘာလှေတစ်စီးစီ ခွဲဝေချပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ လက်ရှိတွင် တိုင်းအစိုးရရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စပိဘုတ်တစ်စီးနှင့် ဖိုင်ဘာလှေလေးစီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လူ ၈ ဦးဆံ့ အဆိုပါဖိုင်ဘာလှေများကို သဘာ၀ဘေးဖြစ်ပွားပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ “ဒီရက်ပိုင်းအတွင်းမှာပဲ ဖြန့်ဝေပေးသွားမယ်။ မိုးတွင်းမှာ အဓိက ထုတ် သုံးရမှာ”ဟု ဦးအောင်စိုးမိုးက ပြောသည်။ မိုးရာသီ လမ်းမပေါ် ရေကြီးရေလျှံ လေ့ရှိသည့် နေရာများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်များသို့ ခွဲဝေချထားမည့် ဖိုင်ဘာလှေများတွင် အသက်ကယ်အင်္ကျီ၊ ကြိုး၊ ချိန်းဆောများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါ […]


