ထားဝယ်တွင် ဗုဒ္ဓတက္ကသိုလ် စတင်တည်ဆောက်
diz_admin
January 22, 2020ထားဝယ်မြို့ ယဉ်ငေးရိပ်သာသာ သနာ့ကျောင်း အတွင်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ် ဖောင်ဒေးရှင်းထံမှ သိရသည်။ ထားဝယ်-ဗုဒ္ဓတက္ကသိုလ်ကို ထားဝယ် ခရိုင်လေးမြို့နယ်မှ အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များမှ လှူဒါန်း ထားသော ငွေကျပ်သိန်း ၂၀၀ ကျော်ခန့်ဖြင့် ဇန်နဝါရီလ ၉ ရက်က ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ကာ စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ်မှ မော်ကွန်းထိန်း ဦးစိန္နိတက မိန့်ကြားသည်။ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် မတည်အလှူရှင်များလိုအပ် နေပြီး ခန့်မှန်းခြေ ကျပ်သိန်း ၆၀၀၀ ခန့် ကုန်ကျမည်ဟု လျာထားကြောင်း ဦးစိန္နိတက မိန့်ကြားသည်။ “ဆရာတော်က ဦးစီးလုပ်ထားတာ ဆိုတော့ ပြီးမယ်ဆိုတာ ယုံကြည်ထား တယ်။ ခန့်မှန်းခြေအရ နှစ်နှစ်လောက်ဆို အဆောက်အအုံကြီးလုံး၀မပြီးဘူးဆိုရင် တောင် […]


