ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ရှစ်ဦးကို တာဝန်မှရပ်စဲ
Dawei Watch
October 14, 2023ထားဝယ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defence Force – EDF) က ဘဏ္ဍာရေးမှူးအပါအဝင် ရဲဘော် ရှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တာဝန်ရပ်စဲခံရသည့် ရဲဘော် ရှစ်ဦးမှာ ဘဏ္ဍာရေးမှူး ရဲဘော်ယက္ခလေး၊ ရဲဘော် ဦးကြီး ၊ ရဲဘော်ခွေးပု၊ ရဲဘော်နောင်နောင်၊ ရဲဘော်ရဲဝင်း၊ ရဲဘော်စိုင်းစိုင်း၊ ရဲဘော် မလွှမ်းနှင့် ရဲဘော် မထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ရဲဘော်တွေအချင်းချင်း အခန့်မသင့်ဘဲ တပ်ဖွဲ့က ထွက်သွားတာ။ တပ်ဖွဲ့နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော် မျက်နှာစုံညီရှင်းပေးဖို့ ခေါ်သေးတယ်။ သူတို့ပြန်မလာတော့ဘူး အကြောင်းပြန်တယ်” လို့ ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရက္ခက […]


