ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာ၍ ဒေသခံများစစ်ဘေးရှောင်
Dawei Watch
October 19, 2023ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၉) မနက်ပိုင်းက ထပ်မံရောက်ရှိလာသဖြင့် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ရေဖြူမြို့၏အနောက်ဖက် ကင်းတံတားနှင့် လောင်းလုံးမြို့ ပန်းတင်အင်းရွာများဘက် ဝင်ရောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကလက်နက်ကြီး နှစ်ချက်လောက်ကြားရတယ်။ ကင်းတံဝာားဘက်၊ လောင်းလုံးကလာတဲ့ စစ်ကြောင်းကလည်း မူးဒူးဘက်ရောက်နေတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ဧကနိ၊ဝက်ချောင်း၊ခမောင်းချောင်း၊ ရငဲ၊ဝါးဇွမ်းတော၊ရလိုင်၊ ပု ဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ “ရွာပြန်လာတာ လေးရက်ပဲရှိသေးတယ်။ အခု ပြန် ပြေးနေရပြန်ပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့က ဝက်ချောင်းရွာတံတားအနီး ပစ်သတ်ခံရပြီးနောက် ငါးရက်အကြာ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းအမျိုးသားမီးမှာ စက်တင်ဘာ […]


