ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဆေးအများစု စျေးအနည်းငယ်တက်သော်လည်း ဆေးအချို့ပစ္စည်းပြတ်၍ စျေးခုန်တက်

Dawei Watch

September 9, 2023

ပြည်တွင်းဆေးစျေးကွက်တွင် အိုကေတားဆေး၊ လေဆေး၊ နှလုံးဆေးအပါအဝင် ဆေးအချို့ပစ္စည်းပြတ်သဖြင့် အဆမတန် စျေးခုန်တက်သွားပြီး ဆေးဝါးအများစုမှာမူ စျေးအနည်းငယ် ထပ်တက်သွားကြောင်း ရန်ကုန်ဆေး လက္ကားစျေးကွက်အတွင်းမှ သိရသည်။ “Ok တို့ဆို အရင်က တစ်ကတ် (ကျပ်) ၂၇၀၀ ကနေ အခု ၄၀၀၀ လောက်ဖြစ်သွားတယ်။ အတက်ကတော့ အကုန်တက်သလောက်ပဲ။ ပစ္စည်းပြတ်တဲ့ကောင်က အတက်များပြီး ကျန်တာက တအိအိတက်တာမျိုး” ဟုဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကဆိုသည်။ ဆောမြူ့ ကလေးချောင်းဆိုးပျောက်ဆေး ဆိုပါကစျေးကွက်အတွင်း ပစ္စည်းပြတ်နေပြီဖြစ်ကြောင်း၊ Siloxogene လေဆေးမှာလည်း ပစ္စည်းလက်ကျန်နည်းနေ၍ ၃၅၀ ကျပ်ရောင်းနေရာမှ ၈၀၀ ကျပ်အထိ စျေးတက်သွားကြောင်း ၎င်းကဆိုသည်။ ပစ္စည်းပြတ်စျေးတက်နေသည့် ဆေးနှင့်အမျိုးအစားတူ အခြားတံဆိပ်များမှာ စျေးသိပ်မတက်သဖြင့် အစားထိုး ပြောင်းသောက်လာကြကြောင်း၊ ဥပမာအိုကေတားဆေး ပစ္စည်းပြတ်စျေးတက်နေသဖြင့် စိတ်ချတားဆေးကို ပြောင်းသောက်နေကြကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ […]

လောင်းလုံးတွင် လမ်းလျှောက်တက်စ ကလေးငယ်တစ်ဦး ပျောက်ဆုံး

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က အသက် ၁ နှစ် ၈ လအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ကလေးငယ်ကို ကူညီရှာဖွေပေးနေသူများက ပြောသည်။ မခြူးခြူး အမည်ရှိ ကလေးငယ်သည် စက်တင်ဘာလ ၈ရက် ဥပုသ်နေ့က အဖွားဖြစ်သူ ဘုန်းကြီးကျောင်း သွားရောက် နေစဉ် ပုခက်အတွင်း အိပ်နေခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကူညီရှာဖွေပေးနေသူတစ်ဦးက ဆိုသည်။ “ကလေးက ပုခက်ထဲမှာ အိပ်ခိုင်းထားတယ်လို့ပြောတယ်။ သူအဖိုးက အနီးအနား ထင်းရှာသွားရာက ပြန်လာတာနဲ့ ကလေးက ပုခက်ထဲမှာ မရှိတော့ဘူး။ ကလေးက လမ်းလျှောက်တက်ခါစလေးပါ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကလေးငယ်မှာ လောင်းလုံးမြို့၊ ထိန်သစ် (က)ရပ်ကွက်၊ ကြက်ဥတောင်ဘုရားလမ်း၊ ဘုရားတောင်မုခ်ဦးအနီး အဘိုး ဦးစိုးအို၊ အဘွား […]

သရက်ချောင်းတွင် မြေသယ်ကားတစ်စီး မိုင်းဆွဲခံရ

Dawei Watch

September 7, 2023

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီး သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဆွဲခံရပြီး ကားပေါ်ပါသူအချို့ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ အရပ်ဝတ် အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် မြေသယ်ကားကို စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မိုင်းဆွဲခဲ့ရခြင်းဖြစ်ကြောင်း သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာက ဒေသခံအချို့က ဆိုသည်။ အဆိုပါကားပေါ်တွင် ဆောက်လုပ်ရေး ငြမ်းများ၊ သံချောင်းများ တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အလုပ်သမားကားပေါ်ပါသူထဲက နှစ်ယောက်လောက်တော့ အစစဉ်ပြီးတော့ နည်းနည်းပါးပါး နာသွားတာရှိတယ်ဆို ပြောတယ်။ ကားကတော့ ဘာမှမဖြစ်ဘူး” ဟု သရက်နှစ်ခွရွာသားတစ်ဦးက ပြောသည်။ ယင်းမိုင်းခွဲခံရမှု အပေါ်မိုင်းဆွဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်ဆေးနေပြီး စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ခိုင်လုံသောသတင်းများ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းဝင်သဖြင့် ကျေးရွာအချို့ပြောင်းရွှေ့

Dawei Watch

September 6, 2023

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာအချို့ပြောင်းရွှေ့နေကြကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင်သည် မြေတင်ကား သုံးစီးဖြင့် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်၃ နာရီခန့်မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားတွေက ပြန်ထွက်သွားပြီ။ နည်းနည်းပဲပြန်ပါသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ (ရွာတွေကို စစ်ကြောင်းထိုးမထိုး) အခြေအနေစောင့်ကြည့်နေရတယ်” ဟု ၎င်းကပြောဆိုသည်။ စစ်ကြောင်းရောက်ရှိလာသောကြောင့် ခမောင်းချောင်း ၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ကျေးရွာအချို့က ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့ ဧကနိရွာကတော့ ရွာထဲမှာ လူမနေရဲတော့ဘူး”ဟု ရွာသားတစ်ဦးကပြောသည်။ အခြား ကျေးရွာအချို့က ဒေသခံတို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးဘဲ အခြေနေစောင့်ကြည့်နေကြသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ဩဂုတ် ၈ ရက်နေ့က တစ်ကြိမ် […]

လောင်းလုံးစမ်းလှမ်းရွာသား တစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 5, 2023

လောင်းလုံးမြို့နယ် စမ်းလှမ်းရွာသား အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူမှာ စမ်းလှမ်းရွာသား ဦးစံရွှေဆိုသူဖြစ်သည်။ လောင်းလုံးမြို့မှ စမ်းလှမ်းရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ် လမ်းပိုင်းတစ်နေရာတွင် သေနတ်ဒဏ်ရာများရရှိ၍ ပတ်လက်အနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ခရီးသွားဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသည့်အတွက်ကြောင့် ဦးစံရွှေမှာ ဦးခေါင်း၊မေးရိုး၊မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိ၍ သေဆုံးနေခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးကပြောသည်။ “လောင်းလုံးကသွားရင် လမ်းရဲ့ညာဘက်မှာ ဆိုင်ကယ်ဘေးမှာ ပတ်လက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်”ဟု ၎င်းကပြောသည်။ ဦးစံရွှေကို PDF ပူးပေါင်းတပ်ဖွဲ့ ဖြစ်သည့် Dawei Defense Team-DDT-တပ်ခွဲ ၃( ထားဝယ်-ပကဖ) အဖွဲ့နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကြားတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မနေ့(စက်တင်ဘာ ၄)က ထုတ်ပြန်ခဲ့သည်။ ဦးစံရွှေဆိုသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူလည်းဖြစ်ကာ စစ်ကြောင်းထိုးစဉ် လမ်းပြပေးခြင်း နှင့် […]

ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ ရေကြီး

Dawei Watch

September 5, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် မနေ့(စက်တင်ဘာ ၄)ညပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်။  ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာ ၊ အရှေ့ပိုင်းတွင် တောင်ကျချောင်းရေကြောင့် ဖောင်းတော-ကောင်းမှု လမ်းဆုံတွင် လမ်းမပေါ်ရေကျော်နေကြောင်း ရွာသားများကပြောသည်။ “ လမ်းဆုံက ရေလွှဲပိုက်လုံးက နှစ်လည်းကြာနေပြီ။ အရွယ်လည်းငယ်နေတယ် ။ အဲဒါကြောင့် နှစ်တိုင်းရေကြီးနေတယ်။ အဲဒါပြုပြင်လိုက်ရင်တော့ ရေကြီးတာလျော့သွားလိမ့်မယ် “ဟု ကောင်းမှုရွာသားတစ်ဦးက ပြောသည်။ ၂၀၁၉ ခုနှစ်က ၊ ကောင်းမှုရွာတွင် တောင်ကျချောင်းရေကြောင့် တောင်ပြိုမှုဖြစ်ခဲ့ပြီး တံတား၂စင်းကျိုးခဲ့သည်။ ကံပေါက်ကျေးရွာ၊ ရဲရင့်ချောင်း ၊ ဆင်ရံတံတားတွင်လည်း ယနေ့(စက်တင်ဘာ ၅) မနက်ပိုင်းတွင် တံတားပေါ်ရေရောက်နေပြီဖြစ်ကြောင်း ၊ နေ့လယ်ပိုင်းအထိ ရေတိုးလာခြင်းမရှိသေးဘဲ ကားများပုံမှန်သွားလာ၍ ရနေသေးကြောင်း ကားသမားတစ်ဦးကပြောသည်။ ကလိန်အောင်မြို့တွင်မူ ကလိန်အောင်ချောင်းရေ တိုးလာနေသော်လည်း လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုမရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။ […]

စစ်တပ်က ယူနီဖောင်းပြောင်းပြီး ထားဝယ်ထောင်ကိုအုပ်ချုပ်

Dawei Watch

September 3, 2023

ထားဝယ်အကျဉ်းထောင်ကို စစ်တပ်က ယူနီဖောင်းပြောင်းကာ ရောက်ရှိလာသူများ အုပ်ချုပ်နေကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်-DPPN ထံက သိရသည်။ ထားဝယ်ထောင်မှူး၊ ဒုထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းများ ဖမ်းဆီးခံရပြီးနောက် ယင်းသို့အစားထိုးလာခြင်း ဖြစ်ကြောင်း ဆိုသည်။ “အခုလက်ရှိ ထောင်ထဲမှာရှိနေတဲ့ ဝန်ထမ်းအားလုံးနီးပါးက အရေးယူခံနေရတယ်။ ကျွန်တော်တို့ သိထားရတာဆို စစ်တပ်က အသွင်ပြောင်းပြီးတော့ ထောင်ကိုလာပြီးတော့အုပ်ချုပ်နေတယ်။ ထောင်ကိုလာပြီးတော့ စီးနင်းထားတယ်လို့ သိထားရတယ်” ဟု DPPN အဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ ဇူလိုင်လ ၁၁ ရက်နေ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ထားဝယ်ထောင်ကို ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးအချို့ကို ရှာဖွေတွေ့ရှိပြီးနောက် ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာသည်။ ဩဂုတ်လ ၁၄ ရက်က ဒုထောင်မှူး ဦးသူရိန်ထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ရှာဖွေခဲ့ရာ WY စိတ်ကြွ ဆေးပြားများ၊ […]

ထားဝယ်တွင် စပါးတစ်တင်း ကျပ်သုံးသောင်းကျော် အထိရောက်ရှိ

Dawei Watch

September 2, 2023

ထားဝယ်ခရိုင်ရှိ လယ်သမားများတွင် စပါးလက်ကျန်ပြတ်နေပြီဖြစ်ပြီး စပါးတစ်တင်းစျေးမှာလည်း ကျပ်သုံးသောင်းကျော်အထိ ရောက်သွားပြီဟု စပါးကုန်သည်အချို့ထံမှာသိရသည်။ မိုးစပါးစိုက်ပျိုးပြီးရာသီ ဖြစ်သည့် ထားဝယ်ဈေးကွက်တွင် စပါးကြမ်းတစ်တင်း ၂၃၀၀၀ ကျပ်၊ စပါးချော ကမာကြည်တစ်တင်း ၃၀၀၀၀ ကျပ်ဝန်းကျင်နှင့် ထားဝယ်ပေါ်ဆန်းစပါးတစ်တင်းကို ၃၄၀၀၀ ဝန်းကျင်ခန့်အထိရှိကြောင်း ကုန်သည်တစ်ဦးကပြောသည်။ “လက်ရှိနယ်မှာစပါးမရှိတော့ဘူး သိုလှောင်သူတွေ လက်ထဲမှာပဲ စပါးကကျန်တော့တယ်”ဟု ၎င်းကပြောသည်။ စပါးပေါ်ရာသီဖြစ်သည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စပါးကြမ်းတစ်တင်းကို ၁၁၀၀၀ကျပ်၊ စပါးချော(ကမာကြည်)တစ်တင်းကို ၁၃၀၀၀ ကျပ်သာပေါက်ခဲ့သည်။ လယ်သမားအချို့က စပါးပေါ်ချိန် ထုတ်ရောင်းကြသလို ယခုလို မိုးစပါးစိုက်ပျိုးရာသီအထိ သို‌ လှောင်ထားကြပြီး စပါး‌‌ဈေးတက်ချိန်မှ ထုတ်ရောင်းကြသူများလည်းရှိသည်။ ထားဝယ်ဒေသတွင် မိုးစပါးစိုက်ပျိုးပြီးချိန် ယခုလတွင် စပါးကြမ်းတစ်တင်းမှာ ၂၃၀၀၀ ခန့်ရှိပြီး စပါးချော ကမာကြည်တစ်တင်းမှာ ၂၅၀၀၀ ကျပ်ခန့်ရှိသည်။ “ဒီအချိန်ကတောင်သူတွေမှာ စပါးလက်ကျန်မရှိတော့ဘူး […]