BREAKING
November 10, 2025

ထားဝယ်

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်

diz_admin

April 26, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာက အသက် ၂၂ အရွယ် အမျိုးသားတစ်ဦး မနေ့(ဧပြီ ၂၅) ညနေပိုင်းက ဥတ္တူတံတားကို ဖြတ်လျောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။ ဥတ္တူတံတားမှာ ထားဝယ်-မြိတ်ကားလမ်း‌ပေါ်တွင်တည်ရှိပြီး သားကြီး(‌ခ) ကိုဇာနည်ထွေးကို စစ်ကောင်စီတပ်ဖွဲ့က လှမ်းခေါ်ရာ မလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “သေတော့ မသေဘူး၊ ထားဝယ်ဆေးရုံမှာ၊ ခြေထောက်ကို ပစ်ချိုးတာလို့ပြောတယ်” ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။ ပစ်ခတ်ပြီးနောက် စိတ်မနှံ့သူမှန်းသိသဖြင့် မြတ်ပါရမီ အရေးပေါ်လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ပေးပြီး ဆေးရုံပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအုပ်စု၊ ကျုံးဂဏန်းရွာသား ကိုမျိုးဦးဆိုသူ ပစ်ခတ်ခံရပြီး လက်မောင်းနှင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံအချို့က […]

သရက်ချောင်း ပိန်းတောရွာ မိုင်းပေါက်ကွဲမှု တစ်ဦးဒဏ်ရာရပြီး အနည်းဆုံးနှစ်ဦးအဖမ်းခံရ

diz_admin

April 25, 2023

သရက်ချောင်းမြို့နယ် ပိန်းတော‌ကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၄ ရက် ည ၆ နာရီခန့်တွင် လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “တစ်ယောက်ဒဏ်ရာရတာတော့ သေချာတယ်။ ထိတဲ့နေရာကများတော့ ထားဝယ်ဆေးရုံတင်ထားရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များ ရောက်ရှိလာပြီး အနီးဝန်ကျင်ကို ရှာဖွေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့ ရှာဖွေစစ်ဆေးရာမှ မိုင်းပေါက်ကွဲသည့်အနီးဝန်းကျင်တွင်ရှိသည့် ဆိုင်ကယ်ပြင်ဆိုင်မှ အသက် ၂၈ နှစ်နှင့် ၂၁ ဝန်းကျင်အရွယ် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “မိုင်းထောင်ထားတယ်ဆိုတာ […]

ရေတွင်းဟောင်းတူးရာမှ မြေစာပိသည့်စက်ရုံလုပ်သားကို သေဆုံးလျက်ပြန်တွေ့

diz_admin

April 25, 2023

ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ သပြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းကို ဆက်လက်တူးဖော်ရာတွင် ‌မြေထိန်းနံရံပြိုကျပြီး မြေစာပိနေသည့် စက်ရုံအလုပ်သမားကို သေဆုံးလျက် ပြန်တွေ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သပြေချောင်းရွာသား ကိုအောင်မျိုးသူဖြစ်ပြီး အထပ်သား စက်ရုံလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အနက် ၂၉ ပေခန့်ရှိသည့် ရေတွင်းမြေထိန်းနံရံပြိုကျကာ အဆိုပါအမျိုးသားကို မြေစာများပိသွားသဖြင့် မြေတူးစက်များဖြင့် တူးဖော်ကာ ရှာဖွေခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းနောက် ငါးနာရီခန့်အကြာ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က မြေအောက်အနက် ၂၀ ပေနှင့် […]

ရေတွင်းဟောင်းတူးနေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦးပိတ်မိနေ

diz_admin

April 25, 2023

ထားဝယ်မြို့နယ် သဗြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းတူးဖော်နေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် နံရံပြိုကျကာ မြေစာများ ပိနေခြင်းဖြစ်ကြောင်း ‌ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “မနက်ကတည်းက ကယ်ဆယ်ရေးလုပ်နေတာ အခုထိ ပိတ်မိနေတဲ့သူ မတွေ့ရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပိတ်မိနေသူကို နံနက် ၁၁ နာရီအထိ ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေသော်လည်း မတွေ့ရှိရသေးကြောင်း ၎င်းက ဆိုသည်။ အဆိုပါရေတွင်းဟောင်းမှာ အနက် ၂၉ ပေခန့်ရှိပြီး နံနက် ၁၁ နာရီအထိ ၁၅ ပေအထိ တူးဖော်ထားပြီဖြစ်ပြီး နောင်ထပ် ၁၄ ပေ အထိ တူးဖော်ရန် ကျန်ရှိနေသေးကြောင်း […]

ရေလှူရန်သွားသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်က ဖြတ်ခွင့်မပေးဟုဆို

diz_admin

April 24, 2023

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာသို့ ရေသွားလှူသည့်ကားများကို ရွှေဂူတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းခဲ့ကြောင်း ရေလှူသွားသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါရွာတွင် ရေလိုအပ်နေသည်ဟု ဖုန်းဆက်အကူအညီတောင်းခံသဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့မှ ရေသွားလှူခဲ့ကြောင်း ရေသွားလှူသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရေအလှူကားများကို တားမြစ်ခဲ့သည့် ရွှေဂူတံတားမှာ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အစပ် ရှင်မုတ္ထီးရွာနှင့် ကပ်လျက် တည်ရှိသည်။ “ရေသွားလှူတာကို ပြန်လှည့်ခိုင်းတယ်။ ဒီလိုတားတာက ရေရှားတဲ့နေရာတွေ ဒုက္ခရောက်တာပေါ့” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။ အဆိုပါစစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုသည့်အကြောင်းအရင်းကို ပြောဆိုခြင်းမရှိဘဲ ပြန်လှည့်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရေလှူဒါန်းရန် သွားသူများ၏ ဖုန်းများကိုမူ ဖွင့်စစ်ကြောင်း ၎င်းက ပြောဆိုသည်။ ဖြတ်သန်းခွင့်မပြုသဖြင့် လှည့်ပြန်ခဲ့ရပြီး ရေများကို ရေလိုအပ်သည့် […]

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ၊ လူငယ်နှစ်ဦးအဖမ်းခံရ

diz_admin

April 24, 2023

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဧပြီ ၂၄)နံနက်တွင် ရွာကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ PDF ပူးပေါင်းတပ်များဘက်မှ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ဒဏ်ရာရသူများပြားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)-T1 ကယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ နံနက် ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ၁ နာရီခွဲခန့်ကြာသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်များဘက်မှ ၁၆ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး ကျန်တစ်ဦးကမူ ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရသည့်နေ့က စစ်ကောင်စီဘက်က ညနေပိုင်းအထိ […]

ဒေသခံတစ်ရာကျော်ဖမ်းဆီးခံရတဲ့ ရငဲရွာနှင့် ဝဲရစ်ရွာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ

diz_admin

April 24, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များအပါအဝင် ဒေသခံတစ်ရာကျော် ဧပြီလ ၂၃ ရက်က ဖမ်းဆီးစစ်ဆေးခံရကြောင်း ဒေသခံရွာသားများက ပြောသည်။ စစ်ကောင်စီတပ်သည် ရငဲရွာသို့ ဧပြီလ ၂၂ ရက်ကတည်းက ဝင်ရောက်ပြီး ရွာထိပ်တွင် တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်ရက် ဧပြီလ ၂၃ ရက် နံနက် ၇နာရီခန့်တွင် ရွာထဲသို့ စတင်ဝင်ရောက်လာပြီး ရွာခံများကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့စဝင်လာချင်းမှာ အရပ်ဝတ်တွေလည်းပါတာဆိုတော့ စစ်ကြောင်းထိုးလာတယ်လို့ မထင်ဘူးပေါ့။ ပုံမှန်အတိုင်းပဲ သွားသွားလာလာ လုပ်နေကြသေးတယ်။ နောက်နေ့ မနက်ကျမှ ဖမ်းတာဆီးတာတွေဖြစ်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံ ၁၃၀ ဝန်းကျင် ဖမ်းဆီးခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြောင်း စစ်ဆေးမေးမြန်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဖမ်းခံရသူများတွင် သက်ကြီးရွယ်အိုများ၊ […]

လောင်းလုံးတွင် ရဲအငြိမ်းစားနှင့် စစ်မှုထမ်းဟောင်းအပါဝင် အမျိုးသားသုံးဦးပစ်သတ်ခံရ

diz_admin

April 24, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ရဲဝန်ထမ်းအငြိမ်းစားတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သာယာကုန်းကျေးရွာတွင် ဧပြီလ ၂၃ ရက်နေ့ ညတွင် အသက် ၆၃ နှစ်အရွယ်ရှိ ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင်ဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူအိမ်နဲ့ တစ်အိမ်ကျော်လမ်းမမှာ ညာဘက်နားထင် သေနတ်ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ကမြောကြီးရွာတွင်လည်း အသက် ၄၀ ကျော်အရွယ်ရှိ ဦးအေးခိုင်ဆိုသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အထက်ပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။ ဧပြီ ၂၁ ရက် ညနေပိုင်းကလည်း လောင်းလုံးမြို့နယ် ကျောက်ပုံရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရသည်။ ၎င်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း […]