MoU စနစ်ဖြင့်ထိုင်းရောက်လာသော မြန်မာ၂၅ ဦး သုံးလကြာအထိ အလုပ်မရ
Dawei Watch
January 14, 2025နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင်လာသော မြန်မာအလုပ်သမား ၂၅ ဦးသည် ထိုင်းရောက်လာပြီး သုံးလကျော် ကြာသည်အထိ အလုပ်မရသေး၍ အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၂၅ ဦးကို ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးတွင် အလုပ်လုပ်ကိုင်ရန် ပြီးခဲ့သောနှစ် အောက်တိုဘာလ ၉ ရက်နေ့က Actual Tokyo max အေဂျင်စီက နှစ်နှစ်စာချုပ်ချုပ်ဆိုစေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ချိန်တွင် အေဂျင်စီက စာချုပ်ပါ လုပ်ငန်းခွင်သို့ မပို့ဘဲ နဝမင်းမြို့က အဆောင်တစ်ခုသို့ မြန်မာအလုပ်သမား ၂၅ ဦးစလုံးကို ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများထံမှသိရသည်။ ယင်းမြို့တွင်လည်း မြန်မာအလုပ်သမားများသည် အလုပ်မရပဲ နှစ်လကြာ နေခဲ့ရပြီးနောက် […]


