ထိုင်းတွင် လေးရက်အတွင်း မြန်မာလုပ်သား တစ်ထောင်ကျော် အဖမ်းခံရ
diz_admin
February 7, 2022တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီ ခရိုင်တို့တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၁၇ ဦး၊ ၃ ရက်နေ့တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၆ ဦး၊ ၄ ရက်နေ့တွင် အမျိုးသား […]


