ဘန်ကောက်တွင် မြန်မာ သူငယ်ချင်း အချင်းချင်း ဘတ်သိန်း ၁၀၀ ခိုးယူမှု သုံးဦးဖမ်းဆီးခံရ
Dawei Watch
November 13, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း ဘတ်ငွေ သိန်း ၁၀၀ ခိုးယူမှုဖြစ်ပွားပြီး သံသယရှိသူ မြန်မာသုံးဦး ဖမ်းဆီးခံရကြောင်းဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၉ ရက်က ဘန်ကောက်မြို့ ဖတ်ခနုံဒေသရှိ လင်းန မြန်မာအလုပ်သမား အကျိုးဆောင်အေဂျင်စီ ဖွင့်လှစ် လုပ်ကိုင်နေသူများ၏ တိုက်ခန်းတွင် ပိုင်ရှင်များ ခရီးသွားနေချိန် ဘတ် သိန်း ၁၀၀ ခိုးယူခံရခြင်းဖြစ်သည်။ ဘတ် သိန်း ၁၀၀ ခိုးယူခံရမှုကို ပိုင်ရှင် လင်းနဖြစ်သူက နိုဝင်ဘာလ ၁၀ ရက်တွင် သိရှိခဲ့ပြီးနောက် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ ၁၁ ရက်တွင် ခိုးယူမှုဖြင့် မြန်မာသုံးဦးကို ဘန်ကောက်ရှိ ဟိုတယ်တစ်ခုတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ […]


