ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းဆောင်းပါး

လည်စင်းပေးနေရသည့် ထိုင်းရောက် မြန်မာလုပ်သားများ

Dawei Watch

June 15, 2023

ကိုလှမျိုးအပါအဝင် မြန်မာအလုပ်သမား ၆ ဦးက အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန်အတွက် စက်ရုံမန်နေဂျာထံမှ တရားဝင်အထောက်အထား တောင်းမည်ဟု ဆုံးဖြတ်ပြီး အလုပ်သို့သွားခဲ့ကြသည်။ သို့သော်ဖိုးချစ်ကန်းဟု ခေါ်သည့် စက်ရုံမန်နေဂျာက ပစ္စတိုသေနတ်တကိုင်ကိုင်ဖြင့် လမ်းလျှောက်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဟရဲတော့ကြောင်း ကိုလှမျိုးက ဆိုသည်။ စက်ရုံပိုင်ရှင်သူဌေးအမည်ဖြင့် ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ် လုပ်ထားကြပြီး ကျသင့်ငွေကို အပြေအကြေဆပ်ပြီးဖြစ်သည်ဟု ကိုလှမျိုးက ဆိုသည်။ သို့သော် အလုပ်သမားများလက်ဝယ်တွင် တရားဝင်အထောက်အထားဟူ၍ စာရွက်တစ်ရွက်ပင် မရှိကြပေ။ “ပန်းရောင်ကတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတောင်းချိန်ဆို ပစ္စတိုသေနတ်တကားကားနဲ့ အလုပ်သမားတွေနဲ့ ရှင်းမယ်ဆိုရင် မန်နေဂျာက ပစ္စတိုယူလာရော။ ပစ္စတိုကိုင်ပြီးတော့ ငါ့ကိုလာရှင်းတဲ့” ဟု ၎င်းက ရှင်းပြသည်။ ကိုလှမျိုးမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ လှဘူရီမြို့ အုန်းသီးစက်ရုံတွင်  အလုပ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ အုန်းသီးစက်ရုံမှ အလုပ်ထွက်မည့် […]

မျက်ရည်ဖြင့် ဆင်နွှဲရသည့် သင်္ကြန်

diz_admin

April 13, 2023

လူအုပ်စုကြီးက မိမိအလှည့်ရောက်မည့်အချိန်ကို နွေနေပူပူတွင် စောင့်ဆိုင်းနေကြရသော်လည်း မျက်နှာများတွင် အပြုံးရိပ်များဖြင့် တက်ကြွမှုများတွေ့နေရသည်။ တစ်နှစ်တာလုံး ရေခြားမြေခြားတွင် အလုပ်လာရောက်လုပ်ကိုင်နေသူများအတွက် အိမ်ပြန်ရတော့မည်ဆိုသည့် အတွေးက နွေနေပူပူကိုပင် အံတုနေသယောင်။ သူတို့တွေက သင်္ကြန်တွင်း နေရပ်ပြန်ကြမည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာနိုင်ငံသားများတော့မဟုတ် ကမ္ဘောဒီယားနိုင်ငံသားများဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများအတွက် မိမိမွေးရပ်နိုင်ငံမှ ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေခဲ့ရသော မြန်မာအလုပ်သမား အရေအတွက်သည် ထိုင်းနိုင်ငံတွင် သန်းချီရှိသည်။ အလုပ်သမားများသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သင်္ကြန်အားလပ်ရက်တွင် မြန်မာနိုင်ငံရှိ မိဘအိမ်သို့ တစ်လခန့်ကြာအောင် နေရပ်ပြန် ရေကစားလေ့ရှိကြသည်။ ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သော နယ်စပ်ဂိတ်များ၊ နိုင်ငံတကာလေဆိပ်များကို ယခင်နှစ်လယ်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ်တွင် နိုင်ငံအလိုက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် လာအို နှင့် ကမ္ဘောဒီးယား […]

အိမ်ပြန်ခွင့်ရရေး အစာငတ်ခံဆန္ဒပြနေရသည့် မြန်မာများ

diz_admin

January 29, 2023

မြန်မာ ၇၀၀ ကျော် နေရပ်ပြန်ခွင့်ရရန်အတွက် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လဝကစခန်းထဲတွင် အစာအငတ်ခံ ဆန္ဒပြတောင်းဆိုမှု နှစ်ရက်မြောက်လာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။ ယင်းသို့ထိန်းသိမ်းခံရရာတွင် လူ ၅၀ ဝန်းကျင်ဆံ့သည့်အခန်းထဲ လူရာချီ ပြွတ်သိပ်ထိုးနေနေရပြီး အနေဆင်းရဲသလို အစားဆင်းရဲဒဏ်လည်း ခံနေကြရသည်။ ကျန်းမာရေးဒုက္ခများနှင့်လည်း ကြုံနေရသေးသည်။ ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အချိန်ရှစ်လခန့်အထိနေကြရပြီး ငွေပေးနိုင်မှ ပြန်ပို့ခံရမည့် အမည်စာရင်းတွင် ပါမည်ဖြစ်ရာ အိမ်ပြန်ခရီးအလှမ်းဝေးနေသည်။ ထို့ကြောင့် မြန်မာများ ဆန္ဒပြတောင်းဆိုမှုပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာဘက်က တာဝန်ရှိသူများကို ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။ ယင်းသို့အခက်အခဲများကို မြန်မာနိုင်ငံသားများ မည်သည့်အကြောင်းအရင်းကြောင့် ခါးစည်းခံနေကြရသနည်း။ လဝက စခန်းထဲကဒုက္ခ လဝကရုံး အပေါ်ဆုံးထပ်တွင်ရှိသည့် ထိန်းသိမ်းရေးစခန်းထဲတွင် […]