ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

အာဆင်နယ် ချန်ပီယံဖြစ်ဖို့ ရေးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်များ ဖြစ်နေလေသလား

diz_admin

January 20, 2023

အာဆင်နယ်ကို ဒီနှစ်မှာ ဒီလောက်အထိ ကောင်းမွန်လာ၊ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ပါဘူး။ အခုတော့ အာဆင်နယ်ဟာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်သွားခဲ့ပါပြီ။ တွန်းတင်လိုက်ရင် တက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့်လည်း အာဆင်နယ် ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ အော်ပရာတစ်ပုဒ် အထမြောက်ဖို့ နီးစပ်သထက် နီးစပ်လာတာပါ။ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့သူ အာတီတာရဲ့လက်ထဲကို ချန်ပီယံဆုဖလား ရောက်သွားခဲ့ရင် တပည့်ကနေ ဆရာကို အနိုင်ယူသွားတယ်ဆိုတဲ့ ဇာတ်လမ်းနဲ့အတူ ပရီးမီးယားလိဂ်က စိတ်ဝင်စားဖွယ် အားပြိုင်မှုတွေနဲ့ အမြဲပဲ ပြည့်နှက်လို့နေတဲ့နေရာဆိုတာမျိုးတွေ ဖြစ်လာပါပြီ။

အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

diz_admin

January 14, 2023

Dawei Watch ပရိသတ်တွေအတွက် အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အကောင်းဆုံးပွဲစဉ်တွေ ရွေးချယ်သုံးသပ်တင်ဆက်ပေးခြင်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း အကြိတ်အနယ် ပွဲကောင်းတွေ အများအပြားရှိနေတဲ့အတွက် အားပြိုင်မှုပြင်းထန်တဲ့ပွဲတွေကို ကြည့်ရှုကြရဦးမှာပါ။ ပွဲဆက်တွေ များပြားလာတာကြောင့် အသင်းအားလုံးဟာ ပွဲပန်းမှုဒဏ်တွေကို ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အားပြိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲစဉ်တွေရှိနေတာကို မြင်ကြရပါတယ်။ အဲ့ဒီလို ပွဲကောင်းများစွာအနက်က အကောင်းဆုံးဖြစ်နိုင်တဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဂယ်လ်ဗာအိုကို အောင်လအန်ဆန်း ခက်ခက်ခဲခဲ ကစားရလိမ့်မယ်

diz_admin

January 12, 2023

လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲအချိန်ကိုရောက်ရင် ONE FIGHT NIGHT-6 ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပွဲစဉ်ကို ကြည့်ရှုရပါတော့မယ်။ အဲ့ဒီပြိုင်ပွဲမှာ မြန်မာပရိသတ်တွေ စိတ်အဝင်စားဆုံးအဖြစ် ရှိနေတာကတော့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းရဲ့ပွဲစဉ်ပါပဲ။ အောင်လအန်ဆန်းဟာ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြား CATCHWEIGHT တန်းပွဲစဉ်အဖြစ် ထိုးသတ်သွားမှာပါ။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပါတယ်။ အစောပိုင်း ပွဲစဉ်ထုတ်ပြန်ချိန်တုန်းက အောင်လအန်ဆန်း ထိုးသတ်ရမယ့်ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခဲ့သူက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်း ပါ။ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုကိုရောက်မှ ဖန်ရောင်းက Covid-19 ကူးစက်တာ ခံထားရတဲ့အတွက် အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်က အပြောင်းအလဲဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အခု ရင်ဆိုင်ရမယ့် ဂယ်လ်ဗာအို […]

အက်ဖ်အေဖလားပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ခြင်း

diz_admin

January 7, 2023

ဒီနေ့မှာတော့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့တတိယအဆင့်ပွဲစဉ်တွေကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်ယူက အဲဗာတန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားခဲ့ပါပြီ။ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေထဲမှာလည်း မန်စီးတီးနဲ့ ချယ်လ်ဆီး၊ လီဗာပူးနဲ့ ဝုလ်ဗာဟမ်တန်တို့လို အသင်းတွေ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ပွဲကောင်းတွေကို မြင်တွေ့ရဦးမှာပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ အားပြိုင်ပွဲတွေ ပါဝင်နေတဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းပါလိမ့်မယ်။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးနုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံး ၄ ပွဲ

diz_admin

December 31, 2022

Dawei Watch ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှာ တက်သုတ်ရိုက်သဘောမျိုးနဲ့ ပြန်လည်စတင်လာခဲ့တာကတော့ ပရီးမီးယားလိဂ်ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ရိုးရာအစဉ်အလာမပျက် ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေကို ဖြတ်သန်းအပြီးမှာ ပရိသတ်တွေကို ဆက်လက် စောင့်ကြိုနေတာက နှစ်သစ်ကူးပွဲစဉ်တွေပဲဖြစ်ပါတယ်။ ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေအပြီးမှာ နားရက်တွေ အများကြီး မရရှိဘဲ ဆက်တိုက်သဘောမျိုး ကစားရတာကြောင့် အသင်းအားလုံး ပွဲပန်းနေနိုင်တဲ့အချက်တစ်ခုကို ထည့်တွက်ထားရပါလိမ့်မယ်။ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်လာနိုင်တဲ့ ပွဲစဉ်လေးပွဲကို Dawei Watch ပရိသတ်တွေအတွက် ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။

ဟာလန်း သို့မဟုတ် တစ်ခြမ်းပဲ့လတစ်စင်း

diz_admin

December 30, 2022

နော်ဝေ ဟာ စကင်ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နော်ဝေ ရေမမြင့်တာက ဘောလုံးရပ်ဝန်းပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကြီးတွေနဲ့ နော်ဝေ ဝေးကွာနေခဲ့တာဟာ ကာလတစ်ခု ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ နော်ဝေဘောလုံးရပ်ဝန်းဆီက ကမ္ဘာ့အဆင့် လတစ်စင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလမင်းကတော့ ဟာလန်း ဆိုတဲ့ လူငယ်လေးပါပဲ။ မက်ဆီဟာ လုံးဝကို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတွက် နိုင်ငံအဆင့်အောင်မြင်မှုကို မရသေးခင်အချိန်အထိ အဲ့ဒါဟာ သူ့ရဲ့ချို့ယွင်းချက်တစ်ခုပမာ ဝေဖန်ခံခဲ့ရတာပါပဲ။ အခုမှပဲ မက်ဆီဆိုတာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လို့ အားလုံးက လက်ခံလာခဲ့ကြတာပါ။ ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ဆိုတာက အရမ်းကို အရေးပါတယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကမှာ ထွန်းတောက်လာတဲ့ နော်ဝေသားလေး ဟာလန်း ရင်ဆိုင်ရမယ့်အရေးက အဲ့ဒီအတိုင်းပဲ […]

ဘောက်ဆင်းဒေး(Boxing Day)နေ့အတွက် အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

diz_admin

December 26, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးသွားလို့ တစ်ပတ်ကြာမြင့်အပြီးမှာပဲ လိဂ်ပြိုင်ပွဲတချို့က တက်သုတ်ရိုက် ဝင်ရောက်လာပါတယ်။ မနေ့က ခရစ္စမတ်နေ့မှာ မိသားစုနဲ့ပျော်ရွှင်ခွင့်ရခဲ့တဲ့ ကစားသမားတွေဟာ ဒီနေ့မှာတော့ Boxing Day နေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ Boxing Day ဆိုတာက လက်ဝှေ့ထိုးတာကို ရည်ညွှန်းတာ မဟုတ်ရပါဘူး။ ခရစ္စမတ်နေ့မှာ လက်ဆောင်အဖြစ် ရရှိတဲ့ လက်ဆောင်သေတ္တာလေးတွေကို ဖွင့်ဖောက်ရင်ခုန်တဲ့နေ့အဖြစ် သတ်မှတ်ထားလို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို ဘောက်ဆင်းဒေးလို့ ခေါ်ဝေါ်သမုတ်ကြတာပါ။ ဒီနေ့ညမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပရီးမီးယားလိဂ်က ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေနဲ့အတူ ပြန်လာပါတော့မယ်။ ဘောက်ဆင်းဒေးနေ့မှာ နယ်မြေအနီးဆုံးအသင်းတွေကို ထိပ်တိုက်ပေးတွေ့ပြီး ခရီးဝေးဝေး မသွားရအောင် စီမံပေးထားတာကလည်း ပရီးမီးယားလိဂ်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ […]

မက်ဆီ၊ အမ်ဘတ်ပေတို့နဲ့ တစ်ခေတ်တည်း ရှင်သန်ခဲ့သူအဖြစ် အမေ့ခံကျွန်တော့်ကို သတိရပေးပါ

diz_admin

December 24, 2022

တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်လို့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ သမိုင်းဝင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအကြောင်းကို ပြောဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်၊ မက်ဆီနဲ့ အမ်ဘတ်ပေ ဆိုတဲ့ အမည်နာမတွေကို ရေရွတ်မိခဲ့ရင်ပဲဖြစ်ဖြစ် အဲ့ဒီလို ကစားသမားတွေ ထွန်းတောက်ခဲ့တဲ့ ခေတ်ကြီးထဲမှာ ဒီမာရီယာ ဆိုတဲ့ အမေ့လျော့ခံ သူရဲကောင်းတစ်ယောက်လည်း ရှိနေခဲ့ဖူးတယ်ဆိုတာကို သတိရစေချင်ပါတယ်။ ဒီမာရီယာရဲ့နာမည်က အိန်ဂျယ်လ် ဒီမာရီယာပါ။ အိန်ဂျယ်ဆိုတာက နတ်သားလို့ အဓိပ္ပါယ်ရပါတယ်။ မက်ဆီကို ရာဇဝင်တွင်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကနေ နတ်သားတစ်ပါးက ကူညီပေးခဲ့တယ်ဆိုရင် အဲ့ဒီအိန်ဂျယ်နတ်သားဟာ ဒီမာရီယာပါပဲ။ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးမှာ နတ်သားတစ်ပါးက ကူညီခဲ့တယ်ဆိုရင်လည်း အဲ့ဒီနတ်သားဟာ အိန်ဂျယ် ဒီမာရီယာ ဖြစ်နေမှာပါပဲ။