ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး လိဂ်ပွဲစဉ်များ
diz_admin
April 1, 2023Dawei Watch က တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား တစ်ပတ်တာအားကစားရဲ့ပွဲကြိုကဏ္ဍအစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နိုင်ငံတကာပွဲစဉ်တွေ ရှိနေတဲ့အတွက် လိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ပရိသတ်မျှော်လင့်နေတဲ့ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ဒါပေမဲ့ အသင်းတိုင်းဆီက အဓိကပွဲထွက်ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။ အခုတစ်ပတ်မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရသွားလေမလဲ၊ ဘယ်လိုပွဲစဉ်ကောင်းတွေ ရှိနေသလဲဆိုတာကို Dawei Watch က ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။


