ဒေသခံတွေကို ခြိမ်းခြောက်လာတဲ့ တနင်္သာရီက သတ္တုမိုင်းတွေ
Dawei Watch
February 3, 2026အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ခေတ်စားလာနေတဲ့ သတ္တုမိုင်းတွေနဲ့ ရွှေလုပ်ကွက်တွေက ဒေသခံတွေရဲ့ လူမှုဘဝတွေကို ခြိမ်းခြောက်လာနေပါပြီ။ ၂၀၂၄ ခုနှစ် ဧပြီလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ တနင်္သာရီတိုင်းမှာ သတ္တုတူးနေတဲ့နေရာ ၆၆ ခုထက်မနည်းရှိနေပြီး စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော်အထိ ရှိနေပါတယ်။ ဒီပမာဏက ထားဝယ်မြို့ဧရိယာထက် ၄ ဆလောက်ရှိနေပါတယ်။


