ဆယ်ကျော်သက် ထိုင်းလူငယ်များကို ရိုက်နှက်သည်ဟုဆိုကာ မြန်မာလူငယ်အုပ်စုကို ရှာဖွေ
Dawei Watch
May 18, 2026ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားတွင် ဆယ်ကျော်သက် ထိုင်းနိုင်ငံသား လူငယ်များကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ မြန်မာလူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစုံစမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် ဘန်းလမောင်းဒေသက လမ်းပေါ်တွင် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်သုံးဦးကို မြန်မာလူငယ် ၁၀ဦးခန့်ပါသည့် အုပ်စုက ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။ မေလ ၁၆ ရက်ညက ထိုင်းလူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် မြန်မာလူငယ်အဖွဲ့က နောက်ကလိုက်လာပြီး ၎င်းတို့၏ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ကြောင်း ထိုင်းလူငယ်က ရဲစခန်းတွင် ထွက်ဆိုသည်ဟု ဖော်ပြသည်။ မြန်မာလူငယ်အဖွဲ့က ၎င်းတို့ကို စိုက်ကြည့်သည်ဟုဆိုကာ ထိုင်းလူငယ်သုံးဦးအနက် တစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ဆိုသည်။ ဆိုင်ကယ်ကိုလည်း ရိုက်ခဲ့ပြီး ဖိနပ်ကိုလည်း ဆွဲချွတ်လုယူကာ လူကို တံတွေးဖြင့် ထွေးခဲ့ပြီးနောက် […]


