ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်ပုံလွှာ

ဘုရားကြီးထဲက အိုဘားမား

diz_admin

August 31, 2021

“ဆုတံဆိပ်တွေလား..၊ တစ်ခုမှ မရှိ တော့ဘူးကွ၊ မက်လည်း မမက်မော အားလုံး ပေးပစ်လိုက်ပြီ..”သူ့အသံက တစ်ခုခုကို သရော်ချင် စိတ်တွေ..၊ ဘဝကို ဟားတိုက်ပစ်လိုက် ချင်စိတ်တွေနှင့်အတူ ရောပြွမ်းထွက် ကျလာ၏..။ ထားဝယ်ဘုရားကြီးဝင်းရှိ နောင်တော်ကြီးစေတီ၏ ဆည်းလည်းသံလေးများကလည်း သူ့အခံဓာတ်ကို ထောက်ပံ့တိုးဆွပေးနေ သယောင်ယောင်..၊ ကလူကျီစယ်နေသယောင်ယောင်..။ သူ့အမည်ကို “ဦးစိန်ဝင်း” ဟု မိတ်ဆက်လျှင် မည်သူမျှ အရေးတယူ မရှိနိုင်..။ သို့သော်… “ဒါ မြန်မာ့ဘောလုံး ရွှေခေတ်ရဲ့ မဟာတံတိုင်းကြီးလေ..၊ ဘားမားစိန်ဝင်းကွ” ဆိုလျှင် တခုတ်တရ ရှိကြကြည့်ကြ မိတ်ဆက်ကြလိမ့်မည် ထင်ပါသည်။ ယင်းဆည်းလည်းသံများကို မရိုး မအီ ဆယ်စုနှစ်ချီ လာထိုင်နားထောင်နေတတ်သော..၊ အသားညိုညစ်ညစ် ပိန် ပိန်ရှည်ရှည် တောသားဂိုက်ပေါက်နေသော အဖိုးအိုကြီးတစ်ဦးကို ဘုရားဖူးများ နှင့်တကွ သူ့အကြောင်း အတွင်းကျကျ […]

ကိုကိုင်ဇာ၏ ကိုဗစ်ကာကွယ်ရေး

diz_admin

April 7, 2020

အဝေးကကြည့်လိုက်လျှင် ထီသည် ကားအလားထင်ရသည်။ ကိုကိုင်ဇာဝင်း က သူပိုင်ယာဉ်၏ နောက်ခန်းတစ်ခုလုံးကို ကွန်တိန်နာ အအေးခန်းကားကဲ့သို့ မှန် အထူဖြင့် စီမံလိုက်သည်။ ကြမ်းခင်းတစ်ခုလုံးကိုလည်း အလွယ် တကူ ဆေးကြောရလွယ်ရန် ရေလုံအောင် စီမံထားသည်။ ပြီးတော့ ကားအင်ဂျင် ဖြင့် ၂၄ နာရီအဲယားကွန်းမောင်းနိုင်သလို အတွင်းရှိလေ အပြင်မထွက်ဘဲ သံသရာ လည်နိုင်အောင်လည်း သူကပြုလုပ်ထား သည်။ ထို့အပြင် လူတစ်ယောက်တက် ဆင်းပြီးတိုင်း အတွင်းရောအပြင်ပါ ကား တစ်စီးလုံး၏ ပတ်ပတ်လည်တွင် အလို အလျောက် ပိုးသတ်ဆေးဖျန်းသည့် စနစ် ကိုလည်း သူကတပ်ဆင်ထားသေးသည်။ အသက် ၃၈ နှစ် ရှိပြီဖြစ်သော ကိုကိုင်ဇာဝင်း ရည်ရွယ်သည်က ကိုဗစ် နိုင်တီး သံသယလူများနှင့် ယာဉ်မောင်း များ ဘေးကင်းလုံခြုံရေးအတွက် အထူး […]

ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်က ဘိုးဘွားပိုင်မြေ တိုက်ပွဲ

diz_admin

March 12, 2020

“ဒီမြေက ကျွန်တော်တို့မြေ၊ ကျွန်တော် တို့ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်း က လုပ်စားလာတဲ့မြေပါ”ဟု စောတာဝါး လက်ညှိုးထိုးပြနေသည့် နေရာက သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခု မျဉ်းပြိုင် ဖြတ် သန်းသွားသော ဥယျာဉ်ခြံ တစ်နေရာ။ ထိုဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုမှာ တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ကနေ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကျေးရွာများ ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်နေသော ဇောတိက သဘာဝဓာတ်ငွေ့ပိုင်လိုင်းနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုပင် ဖြစ်သည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း သည့် နေရာများအနက် စောတာဝါး မိသားစု အပါအဝင် ကရင်တိုင်းရင်းသား များ နေထိုင်သော အိန္ဒရာဇာကျေးရွာအုပ်စု ရှင်ပျံကျေးရွာအနီရှိ စောတာဝါးဘိုးဘွား ပိုင် ဥယျာဉ်ခြံမြေတစ်ခုလည်း အပါအဝင် ဖြစ်သည်။ ယင်းကဲ့သို့ ဓာတ်ငွေ့ပိုင်လိုင်းဖြတ် […]

ဖထီး ကွမ်းဥယျာဉ်အတွက် တရားမျှတမှုတိုက်ပွဲ

diz_admin

January 16, 2020

အခုတော့ ဘာမျှစိုက်ပျိုးစားသောက် ၍ မရတော့သော ကွင်းပြင်ကြီးဖြစ်သွား လေပြီ။ ၁၃ ဧကကျယ်သည့် ထိုကွင်းပြင် ကြီးသည် တစ်ချိန်က ကွမ်းသီးပင်များ စိုက်ပျိုးထားသည့် ဖထီးစောဒါးရွှေတို့ မိသားစု စားဝတ်နေရေးကို အဓိကဖြေရှင်း ပေးနေသည့် ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ “ဘယ်လိုမှ လုပ်စားလို့မရတော့တဲ့ မြေပြင်ဖြစ်သွားပြီ”ဟု သတ္တုစွန့်ပစ် မြေစာများ အပြည့်ဖုံးလွှမ်း ထားသည့် ကွင်းပြင် ကြီးကို ငေးမေားရင်း ဖထီးစောဒါရွှေက ရေရွတ်လိုက်သည်။ ဖထီးစောဒါးရွှေတို့မိသားစု နေထိုင် သည့် ဥယျာဉ်ခြံကို ထားဝယ်မြို့မှ မိုင် သုံးဆယ်ဝန်းကျင်ဝေးသည့် မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအထိ ဆိုင်ကယ်၊ ကားများဖြင့် အလွယ်တကူသွားရောက် နိုင်ပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်စီးကာ ကင်းပွန်းချုံရွာသို့ မိနစ် နှစ်ဆယ်ခန့် သွားရောက်နိုင်သည်။ ကင်းပွန်းချုံကျေးရွာသည် ကျေးရွာ ဟုဆိုသော်လည်း စာသင်ကျောင်း၊ […]