၀မ်းရေးအတွက် နှစ်ဘီးတည်းဖြင့် မလောက်တော့ပါ
diz_admin
October 8, 2021ဆိုင်ကယ်တက္ကစီမောင်းတဲ့ ဉီးလှိုင် တစ်ယောက် ဝင်ငွေထိုးကျနေတာ ကြပါပြီ။ ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက တစ်နေ့တစ်ခြား ဝင်ငွေထိုးကျလာတာ အခုဆိုရင် သူ့ဝင်ငွေဟာ အရင်ရနေတာနဲ့စာရင် သုံးပုံတစ်ပုံသာကျန်ပါတော့တယ်။ ကိုဗစ်မဖြစ်ခင်က တစ်နေ့ ငွေတစ်သောင်းကျော် ပုံမှန်ရခဲ့ပေမယ့် ခုဆိုရင် ပိုက်ဆံငါးထောင် ရဖို့ဆိုတာ အနိုင်နိုင်ပါပဲလို့ မြိတ်မြို့မှာ ပုံမှန် ဆိုက်ကယ်ဆွဲတဲ့ ဦးလှိုင် ကပြောပါတယ်။ “ဒီလောက်ရဖို့ကို မနက်အစောကြီး သူများအိပ်ကောင်းတုန်း ထဆွဲရတာ။ ကိုယ့်ထက် အရနည်းတဲ့သူတွေ တစ်ပုံကြီးရှိတယ်” လို့ အသက် ၆၀ ဇရာ အရွယ် ဝင်ရောက်လာနေပြီဖြစ်တဲ့ သူကပြောပါတယ်။ ကိုဗစ်တတိယလှိုင်းအတွင်း မြိတ်မြို့မှာ ဇူလိုင်လအထိ ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးတဲ့သူ နေ့စဉ်နှစ်ဦးသုံးဦး ပုံမှန်ရှိခဲ့ရာမှ သြဂုတ်လ ပထမပတ်ကစပြီး သေဆုံးသူ ဆယ်ဂဏန်းအထိ ခုန်တက်လာခဲ့ပါတယ်။ အဲဒါကြောင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် […]


