ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

ထားဝယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းကောက်ကြောင်း

diz_admin

January 17, 2021

ထားဝယ်ကို ရောက်စက ဒီကလူ တွေဆီကနေ ကြားနာရတာ တစ်ခုရှိပါတယ်။ ထားဝယ်က ဆိုရှယ်လစ်ယဉ် ကျေးမှုဆန်တယ်။ မြိတ်နဲ့ ကော့သောင်း က အရင်းရှင်စနစ်ဆန်တယ်။ ဆိုလိုတာက ထားဝယ်မှာက လူတန်းစားကွာခြားမှု သိပ်မရှိဘူး။ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ သိပ်မကွာဘူး။ တအားကြီး ချမ်းသာတဲ့သူလည်း ရှိမနေသလို ဆင်းရဲလွန်းတဲ့သူလည်း မရှိဘူး။ ယေဘုယျအားဖြင့် အဲဒီလို မှတ်ယူနိုင်တယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင် ဆိုပါတော့၊ သူဌေးလည်း ဒီဆိုင်မှာ ထိုင်၊ ဆင်းရဲသားလည်း ဒီဆိုင်မှာ ထိုင်ပဲ။ အဲဒီလို။ သူတို့ပြောတာကို မှတ်ထားပြီး ရာသီဥတုသာယာတဲ့တစ်ရက်မှာ ကျွန်တော်ဟာ ထားဝယ်ကနေ ကော့သောင်း ကို သွားမယ့်ကားပေါ် တက်လိုက်သွားခဲ့ပါတယ်။ ပြီးတော့ စိတ်အာရုံထဲမှာ ပန်းချီ ကားတစ်ချပ်ကို စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးခြယ်နေမိပါတယ်။ အလုပ်တာဝန်တစ်ခုနဲ့ ထားဝယ်ကို […]

လှလိုက်တာဗျ

diz_admin

January 17, 2021

ဘာလိုလိုနဲ့ ကျွန်းစုမြို့နယ်မှာ ကျွန်တော် တာဝန်ကျနေတာ ဒီလတစ် ဆယ့်ငါးရက်‌နေ့ဆိုရင် တစ်ဆယ့်ငါးလ တိတိ ရှိသွားပါပြီ။ မြိတ်-ကျွန်းစု ပြေးဆွဲနေတဲ့ အမြန်ယာဉ်ကို စီးခဲ့ရတာကလည်း အကြိမ်ရေ မြောက်မြားစွာပေါ့။ ဒီလို အမြန်ယာဉ်စီးရင်းနဲ့ ရလာခဲ့တာတွေကလည်း မနည်းဘူးဗျ။ အတွေ့အကြုံသစ်တွေ၊ ဗဟုသုတတွေ၊ စက်ဆုပ်ရွံရှာဖွယ်တွေ၊ ချီးကျူးဖွယ်တွေ စသဖြင့်ပေါ့။ မြိတ်-ကျွန်းစု အမြန်ယာဉ်အကြောင်းပြောရင် ခရီးသည်တွေက မပါလို့ မဖြစ်သလို တစ်ဆယ့်နှစ်ရာသီ ပိတ်ရက်မဲ့ ပြေးလွှားလှုပ်ရှားနေတဲ့ ဈေးသည် တွေကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူတို့ဆီမှာ အလှကလေးတွေပါပါတယ်။ တိုင်းရင်းဆေးရောင်းတဲ့သူ၊ စာအုပ် ရောင်းတဲ့သူ၊ အသီးအနှံရောင်းတဲ့သူ၊ ထမင်းကြုတ် ဟင်းထုပ်ရောင်းတဲ့သူ၊ အအေးဘူးရောင်းတဲ့သူ အစရှိသဖြင့်ပေါ့။ ဝပ်ကျင်းသေးသေးလေးထဲမှာ အချင်းချင်း တိုးဝှေ့ကြရင်း ခေါက်တုံ့ခေါက်ပြန် အသံတစာစာနဲ့ ရုန်းကန်နေကြတဲ့ သူတို့ လေးတွေကို ကျွန်တော် […]

၂၀၂၁ ကျွန်တော်တို့ မျှော်လင့်ချက်တွေ

diz_admin

January 10, 2021

နှုတ်ဆက် ထွက်ခွာသွားလေသည့် ၂၀၂၀ ကို ကျွန်တော်တို့ မလွမ်းပါ။နှစ်စ ကတည်းက ကိုဗစ်ရဲ့ အနှိပ်အစက် အထောင်းအထုကြားမှာ ကမ္ဘာကြီး အလူးအလဲ ခံခဲ့ကြရသည်။ အရှိုက် ထိသလို ဖြစ်ခဲ့ရသည့် သည်ကမ္ဘာ့ကပ်ဘေးမှာ ကျွန်တော်တို့တွေ သင်ခန်းစာတွေ ရခဲ့ကြသည်။ သာသာယာယာ ကမ္ဘာမြေ။သည့်မတိုင်ခင်က ကျွန်တော်တို့ ကမ္ဘာမြေသည် သာသာယာယာ ရှိသည်ဟု ဆိုတန်ကောင်းသည်။ ကမ္ဘာသားတွေအကြား ဘာအဆီးအတားမှ မရှိလို့ ဆိုကြရလောက်အောင် သွားလာဆက်သွယ်ရ လွယ်ကူ လှသည်။ ကမ္ဘာ့အရှေ့ခြမ်းမှ ကမ္ဘာ့အနောက်ခြမ်းသို့ ခြေဆန့်လို သလား။ ကမ္ဘာ့ တစ်နံတစ်လျား ခရီးသွားလာ ဆက်သွယ်ရ အခက်အခဲမရှိသလောက် ဖြစ်လာသည်။ အကန့်အသတ် တွေ အတားအဆီးတွေ နယ်တွေ ဘောင်တွေ နည်းလာသည်။ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ချိတ်ဆက် သွားလာကြရာမှာ အကန့်အသတ် […]

ဒိုးတော့ ငဗစ်

diz_admin

January 9, 2021

“ကျေးရွာအတွင်းမှာ ရှိတဲ့ လုပ်သား ပြည်သူအပေါင်းတို့ခင်ဗျား” ဟော ဒို့ရွာက မိုက်ခဲကြီး အသံပါလား ဘာများ ပြောမလို့ပါလိမ့်။“မနက်ဖြန် ရွာရှင်တော် ဖိုးဖိုးကြီး အား ပူဇော်ပသမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျေးရွာအတွင်းနေ ပြည်သူ အပေါင်း သဒ္ဒါတတ်အား နည်းများမဆို ပါဝင်လှူဒါန်း ကြပါရန်နှင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား။” “နတ်ကီးတယ်ဟာ နတ်စာပေးဇား ဟို့ခံဗျား” မိုက်ခဲ ထုံးစံ အဲလိုလေး ကွန့်လိုက်ရမှ။ ဘာလိုလိုနဲ့ နတ်တော်လတောင် ရောက်လာမှကိုး။ ကိုဗစ်ကြီးကြောင့် အလုပ်တွေရပ်ထားရပေမယ့် အချိန်ခရီးကတော့ သွားမြဲ သွားနေတာပါပဲလား။ နတ်တော်လဆန်းဆို ကျွန်မတို့ရွာမှာ ရွာတော်ရှင် နတ်ပွဲ ကျင်းပလေ့ရှိတယ်။ ကျွန်မတို့ရွာ နတ်ပွဲကတော့ ရိုးရှင်း ပါတယ်။ ပွဲနေ့မတိုင်ခင် နတ်ကွန်းပရဝဏ် […]

တိမ်ပင်လယ်ရှိရာ ရပ်ဝန်းသို့

diz_admin

January 9, 2021

ယခုအချိန်အခါတွင် မြို့ပြလူနေမှု မွန်းကြပ်မှုများကြားမှ ရုန်းထွက်ကြရင်း စိတ်အပန်းဖြေ စေနိုင်သည့် ကျေးလက် ရနံ့များရှိရာ နေရာဒေသများသို့ ရွေးချယ် ခရီးသွားလာကြသည်ကို တွေ့ရသည်၊ ယခုတစ်ပတ်နှစ်ပတ်အတွင်းတွင် ကိုဗစ်ကာလ ကန့်သတ်မှုများကို လိုက်နာရင်း ဒေသအတွင်းတွင် “တနင်္သာရီခြေတော် ရာတောင်” သို့ တိမ်ပင်လယ်ကြည့်ရန် တောင်တက်ခရီးသွားခြင်းမှာ လူမှုကွန် ရက်စာမျက်နှာများထက်တွင် ခေတ်စားနေသည်။ ခရီးစဉ်အရ- တနင်္သာရီမြို့အဝင် ရောက်ပြီဆိုသည်နှင့် မိုးထိအောင် မြင့်မားလှသော တနင်္သာရီတောင်စဉ်တောင် တန်းအသွယ်အသွယ်တို့က လက်ချင်း ပေါင်းယှက် ပခုံးချင်းဖက်ထားသည့်နှယ် လှပစွာ တည်တံ့ဝန်းရံနေသည်။ ၎င်းတို့၏ ရင်အုံကြားမှ တနင်္သာရီမြစ်ကြီးနှင့် တနင်္သာရီမြစ်ငယ် နှစ်ဖြာမှာ ငြိမ့်ငြိမ့်လေးဖြင့် အစဉ်အဆက်မပြတ် ပေါင်းဆုံ စီးဆင်းနေသည့် တနင်္သာရီမြစ်ဆုံအလှ ကို စိတ်ကြည်နူးဖွယ် မြင်ကွင်းအနေဖြင့် ရှုမြင်ခွင့်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့်- စိမ်းလန်းသော ဝန်းကျင်၊ သာယာသော […]

တောင်ပိုင်းသားတို့ မိုးမျှော် အိပ်မက်

diz_admin

January 3, 2021

တကယ်တော့ မိုးမျှော်တယ်ဆိုတာ တောင်ပိုင်းသားတို့ရဲ့ အလုပ်တော့ မဟုတ်။ ဒါပေမဲ အခုတော့ တောင်ပိုင်း သားတွေ မိုးမျှော်နေရပြီ။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲလာသလို မြန်မာ့ရာသီ ဥတုလည်း ပြောင်းလဲလာနေပါတယ်။ အခုတော့ မိုးများတဲ့ တနင်္သာရီတိုင်းမှာ တောင်မိုးပါးလာခဲ့ပြီ။ ဆိုတော့ တောင်ပိုင်းသားတွေလည်း မိုးမျှော်ရတဲ့ဘဝ ရောက်နေကြရပြီ။ သူများတွေအတွက်မသိပေမဲ့ ကျွန်တော့အတွက် မျှော်ရတဲ့မိုးက တစ်မိုးပိုနေတယ်။ တခြားမိုးတော့ မဟုတ် နိုင်ငံရေးမိုး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးက နေပြည်တော်နဲ့ ရန်ကုန် မှာများပြီး ကျန်ဒေသတွေမှာ အနည်း ငယ်နည်းနေတယ်။ နောက်ပြီးတော့ တခြားသောဒေသတွေထက် ကျွန်တော် တို့တိုင်းဒေသကြီးမှာ မိုးပိုနည်းနေသလား တွေးမိတယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် မိုးမျှော်အိပ်မက်မက်နေမိပါတယ်။ ခေတ်အဆက်ဆက် မိုးကျရွှေကိုယ်တွေ ခေတ်စားလာခဲ့တာ ယနေ့အထိပဲ မဟုတ်လား။ ဒါပေမဲ့ […]

လစ်မစ်

diz_admin

January 2, 2021

ဆိုင်ကယ်ရေဆေးတာ စောင့်နေရာကနေ မျက်နှာချင်းဆိုင်အိမ်မှာ အလယ်တန်းအရွယ် ကလေးသုံးယောက်ဖုန်းကို ဝိုင်းကြည့်ပြီး ရယ်မောနေကြတာကို ငေးကြည့်နေမိတယ်။ သူတို့ ဘာတွေ များ ကြည့်နေကြတာ ဖြစ်မလဲ။ ဂိမ်းဆော့ နေတာလား။ သီချင်း နားထောင်နေတာလား။ ဟာသ အပြောင်အပြက်တွေ များလား Social Media ပေါ်က သတင်း၊ အတင်းတွေလား။သူတို့ဖတ်နေတဲ့ အထဲ အမုန်းစကားတွေ ရုန့်ရင်းကြမ်းတမ်းတာတွေများ ပါနေမလား။ယောက်ယက်ခတ်တွေးရင်း စိတ်ကူးနဲ့ မေးနေမိတယ်။ သူတို့ ဘာတွေ လုပ်နေသလဲ။ အနီးအပါးမှာ စစ်ဆေးမယ့်သူ ဘယ်သူမှ ရှိမနေပါဘူး။ သည်မြင်ကွင်းမျိုးက ကိုဗစ်ကြောင့် ကျောင်းပိတ်ထားရတာ လေးလတိုင်ချိန်မှာ မျက်လုံးထဲ ခဏခဏ ဝင်လာတဲ့ မြင်ကွင်းတွေပါ။ အရင်အချိန် အိမ်တိုင်း ရေဒီယို ကက်ဆက် တီဗွီရှိဖို့ ခဲယဉ်းပေမယ့် အခုတော့ ဖုန်းဆိုတာ လူတိုင်း […]

မင်းကိုချစ်တယ်လို့ ပြောဖို့ မမေ့ကြပါနဲ့

diz_admin

December 27, 2020

နောက်ဆုံးဆိုတာ လူ့အသုံးအဆောင် ပစ္စည်းတွေအတွက်ဆိုရင်တော့ ကောင်းပါတယ်။ နောက်ဆုံးပေါ် (Latest) ဆိုတဲ့ စကားလုံးက လူ့အသုံးအဆောင် ပစ္စည်းအတွက်တော့ အရင်ထက်ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒါပေမဲ့ လူတစ်ယောက်အတွက်ဆိုရင်တော့ နောက်ဆုံးဆိုတဲ့ စကားလုံးကတော့ မကောင်းတဲ့အဓိပ္ပာယ်ပါပဲ။ လူတစ်ယောက်အတွက် အသက်ရှင်ဖို့ နောက်ဆုံးလို့ သိလိုက်ရတဲ့အချိန် ဘာလုပ်မယ်ထင်ပါသလဲ။ တစ်ယောက်ယောက်က ကိုယ့်နဖူးကို သေနတ်နဲ့ချိန်ထားတဲ့အချိန်။ နောက်ပြီးတော့ ရုပ်ရှင်ဆန်ဆန် သေနတ်နဲ့ချိန်ထားပြီး ကိုယ့်သေကျင်းကိုကိုယ်တူးခိုင်းတဲ့အချိန်။ ကြိုးမိန့်ကျပြီးတဲ့ သူကို ကြိုးပေးဖို့ ကြိုးကွင်းစွပ်လိုက်တဲ့ အချိန်။ ဆေးထိုးသတ်မယ့်သူတစ်ယောက်ကို ဆေးသွင်းဖို့ ပြင်ဆင်နေတဲ့အချိန်။ လျှပ်စစ်ကုလားထိုင်မှာ ထိုင်ခိုင်းပြီးတော့ သတ်ဖို့လုပ်နေတဲ့အချိန်။ ဒါမှမဟုတ် ဆရာဝန်က ဘယ်လောက်ပဲ အသက်ရှင် ရတော့မယ်လို့ ပြောတဲ့အချိန်။ အဲဒီလိုမျိုးကြုံခဲ့ရင် တည်တည် ငြိမ်ဖြစ်ဖို့ဆိုတာတော့ မလွယ်လောက်ဘူးထင်ပါတယ်။ ပထမတော့ သွေးရူး သွေးတန်း ဖြစ်ချင်ဖြစ်နေမယ်။ ဆို့နင့် […]