ကိုဗစ်အလွန်ကို မျှော်ကြည့်ခြင်း
diz_admin
December 26, 2020ကိုဗစ်-၁၉ လို့ အမည်ရတဲ့ သည်ရောဂါကို ကျွန်တော်တို့တွေ မုန်းလှပြီ။ ခု သည်စာကို ရေးနေတဲ့ ခဏမှာသော်မှ နှာခေါင်းစည်းတွေတပ်ပြီး ဆေးခန်းမှာ လူနာကြည့်နေရင်း ကိုယ့်ကိုယ်ကိုယ်သော်မှ လှောင်ပိတ်မိနေသလိုပါပဲ။ ဘယ်လူနာကများ ထူးပြီး ကိုဗစ် ဖြစ်နေလေမလဲ ဆိုတဲ့အတွေးနဲ့ အဖျား နဲ့ ချောင်းဆိုးတဲ့ လူနာတွေ လာတိုင်း သံသယတွေနဲ့ ကြည့်နေရသလို ကိုယ်သည် အချိန်မရွေး ပိုးတွေ့လူနာနဲ့ ထိစပ်သူ (Contact Person) ဖြစ်လာနိုင်တာ အမြဲတွေးနေကြရတယ်။ နေ့တဓူဝ ပုံမှန် အလုပ်တွေလည်း သည်နေ့အထိ ပုံမှန် မဖြစ်သေးပါဘူး။ အဆိုးဆုံးက စာအုပ် ချဉ်ခြင်းတပ်တဲ့ စာဖတ်သူအဖို့ ခါတိုင်း မနက် လေယာဉ် ဆိုက်တာနဲ့ နေ့စဉ်ထုတ် သတင်းစာလေး၊ ဂျာနယ်လေးတွေ ပြေးဝယ်ပြီး ဖတ်နေကျ စာအုပ်တွေ၊ […]


