အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
October 30, 2022အခန်း(၄) ကြည့်မြင်တိုင်ရဲစခန်းရှေ့သို့ ဆိုက်ကားတစ်စီး ထိုးဆိုက်လာသည်။ ဆိုက်ကားပေါ်တွင် အမျိုးသမီးနှစ်ဦးပါလာ၏။ အသားလတ်လတ် ၊ ခန္ဓာကိုယ်ခပ်ဝဝ ၊ ရွှေလက်ကောက်များ တံတောင်စစ်အထိ ဝတ်ထားသော အသက်(၅၀)ကျော်အရွယ်အမျိုးသမီးကြီး။ သူမကား သံတံတားမပု။ ရန်ကုန်မြို့ ပြည့်တန်ဆာလောက၏ နာမည်ကျော်ဂိုဏ်းချုပ်ကြီး။ ကြည့်မြင့်တိုင်ဘူတာနှင့် စမ်းချောင်းနယ်စပ်ဖြစ်သော သံတံတားအနီး မြေကွက်လပ်တွင်ရှိသည့် သူမ၏ အိမ်မဲကြီးမှာ နာမည်ကျော်ပါသည်။ ပြည့်တန်ဆာများစွာကို ဦးစီးအုပ်ချုပ်လုပ်ကိုင်နေပြီး ရဲဌာန၏ အထက်အဆင့်ဆင့်အထိ ပေါက်ရောက်သူ။ ရန်ကုန်တိုင်းအတွင်းရှိ ရဲဌာနအသီးသီးမှာ သူ့ပေးစာကမ်းစာနှင့် မကင်း။ ထို့ကြောင့် ရဲစခန်းထဲသို့ဝင်လာသော်လည်း မပု မျက်နှာက ခပ်တင်းတင်း။ သူမ၏ အနောက်တွင်တော့ ပါတိတ်ဝမ်းဆက်ဝတ်ထားသော အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ကောက်ကြောင်းလှလှဖြင့် အသက် (၃၀)ကျော်အရွယ်အမျိုးသမီး။ သူမ၏ မျက်နှာတွင် အဓိကသတိထားမိနိုင်သည်က နှုတ်ခမ်းများပင်။ ဟောလိဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်ကဲ့သို့ ဆွဲဆောင်မှုပြင်းသော နှုတ်ခမ်းထူထူများ။ […]


