သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁)
diz_admin
November 4, 2022စာရေးသူရဲ့ အမှာစာ >>>>>ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>ကျေးဇူးတင်ရှိခြင်း >>>>> အပိုင်း (၁) အခန်း -၁- (ထားဝယ်မှ မင်းသမီးစခန်းသို့…) (၁) နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ … တောစခိုဖြစ်တဲ့နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော်တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြောမယ်ဆိုလည်း ပြောစရာပါပဲ။ တောခိုဖို့ ကြိုတင်စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့သူဆိုရင် မမှားပါဘူး။ ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ […]


