မြစ်ဖျားရေကို လှမ်းမျှော်သူတစ်ယောက်ရဲ့ အလွမ်း
Dawei Watch
June 24, 2025“ကျွန်တော်သည် ထားဝယ်တစ်ယောက်စင်စစ်ဖြစ်၏။ထိုအဖြစ်ကိုဘယ်သောအခါမှ ကျွန်တော်မမေ့။ကျွန်တော့် ဇာတိမြေကိုခြေချခွင့်မကြုံသည်မှာ ဆယ်စုနှစ်သုံးခုခန့်ရှိပြီ။ ဘဝပေးအခြေအနေအရနေရာအနှံ့သွား၍လူမျိုးစုံနှင့်ထိတွေ့နေရသော်လည်း အမိဘာသာစကားကို ကျွန်တော်မမေ့ခဲ့။ကျွန်တော်တို့တွင်ကိုယ်ပိုင်ဘာသာစကားရှိသည်။ အသေအချာထပ်ပြောပါမည်။ကျွန်တော်တို့တွင် ကိုယ်ပိုင်ဘာသာစကားရှိခဲ့သည်။ရှိနေသည်။ဆက်လက်ရှိ နေဦးရန်မှာ ယနေ့အသက်ရှင်နေသော ကျွန်တော်တို့ထားဝယ်သားများ၏ ပခုံးပေါ်ရောက်နေသည့် အမျိုးပေး တာဝန်သာဖြစ်သည်။” (မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း – ငြိမ်းအေးအိမ်) မျက်နှာတစ်ဖက်မှာ မော်ဒန်ဝတ္ထုတွေ ဖန်တီးနေသူတစ်ယောက်ရဲ့ ဇာတိနဲ့ ဘာသာစကားကိုချစ်ခင်စိတ်ကို ၂၀၁၃ ခုနှစ်ရဲ့ရက်စွဲတချို့မှာသိခဲ့ရဖူးသည်။ အစောပိုင်းကာလတွေတုန်းကတော့ သရဖူမဂ္ဂဇင်း(အရင်ခေတ်)မှာ မော်ဒန်စာပေအယူအဆတွေ၊ဝတ္ထုတွေနှင့် စာမျက်နှာတွေပေါ်မှာပဲသူ့စကားပြေတွေဖတ်ပြီးရင်းနှီးခဲ့တာဖြစ်သည်။ သည်တုန်းကတော့ တစ်ရပ်တည်း တစ်ဒေသသားတည်းမှန်းမသိသေးပါ။ သူနှင့်ခေတ်ပြိုင် ကျောင်းတော်ထွက် ဦးလေး တစ်ယောက်ရဲ့ စကားစပ်မှုကြောင့် ကျွန်တော်တို့ဒေသသားမှန်းစသိခဲ့တာဖြစ်သည်။ မှတ်မှတ်ရရ သူ အရှေ့မြောက်ဒေသကနေ ရန်ကုန်မှာ လာအခြေစိုက်ချိန်ဖြစ်မည်။သူ သရဖူမဂ္ဂဇင်းကိုဖန်တီးခဲ့သည်။မြန်မာစာပေ မော်ဒန်ရေစီးကြောင်းကို အားကောင်းစေခဲ့သည်။သူ့လက်ရာမော်ဒန်ဝတ္ထုတွေလည်းဖတ်ရသည်။ မြန်မာစာပေလောကအတွက် သူလမ်းကြောင်းအသစ်တစ်ခုဖောက်သည်ကို သတိထားမိကြသူများသော်လည်း ကျွန်တော်တို့ဒေသအတွက်လမ်းကြောင်းအသစ်တစ်ခုဖောက်ပေးခဲ့သည်ကိုတော့ သိသူနည်းမည်ထင်ပါသည်။ ၁၉၉၆ နှောင်းပိုင်းကာလ။ ဦးငြိမ်းအေးအဖြစ်။ […]


