ဆန်ကြမ်းဈေးကျပြီး ဆန်ချောဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
December 6, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ကြမ်းဈေးကျပြီး ဆန်ချောအမျိုးအစားအချို့ ဈေးတက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၃၀ ရက်တွင် အေဝမ်းငွေတိုး အမှတ်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၇၁၅၀၀ ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၇ ရက်တွင် ၆၉၅၀၀ ကျပ်သို့ ဈေးကျသွားသည်။ သို့သော် ဆန်ချောအမျိုးအစားအချို့မှာမူ ဈေးတက်နေပြီး နိုဝင်ဘာ ၃၀ ရက်က မိုးပျံမြောင်းမြအမှတ်တံဆိပ် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၆၃၀၀၀ကျပ်မှ ဒီဇင်ဘာလ ၆ ရက်တွင် ၁၆၆၀၀၀ ကျပ်ဖြစ်လာသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် နှစ်ထောင်ကျပ် ဈေးကျပြီး ဆန်ချောတစ်အိတ်လျှင် သုံးထောင်ကျပ် ဈေးတက်သွားသည်။ အခြားဆန်အမျိုးအစားအချို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။ ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်ဖြူ ထူး (၄) တစ်ပိဿာလျှင် ငါးရာကျပ် […]


