တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး
diz_admin
June 1, 2020တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေးဖြစ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကြီးများကို ဧပြီ ၂၆ ရက်မှ မေ ၁၅ ရက်နေ့အထိ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအခါ ကျန်ရှိနေသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ်များကို မေလနောက်ဆုံးအပတ်မှစတင်ကာ လိုက်လံစစ်ဆေးနေသည်ဟု ဒေါ်မီမီစိန်က ပြောသည်။ “တစ်နိုင်တစ်ပိုင်ဆိုတာက ဝပ်ရှော့ […]


