မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်နိုင်မလား
Dawei Watch
June 10, 2025မကြာသေးမီက အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီးနောက် မြန်မာစစ်ကောင်စီခေါင်းဆောင် တွေဟာ ပြည်တွင်း၊ပြည်ပရဲ့ဖိအားတွေ ပိုမို ရင်ဆိုင်နေရပါတယ်။ ပြည်တွင်း၊ပြည်ပရဲ့ ဖိအားတွေရှိနေ လင့်ကစား မြန်မာစစ်ကောင်စီခေါင်းဆောင်တွေဟာ သူတို့ရဲ့ အဆင့် ငါးဆင့်ပါ အစီအစဉ်ကို ရှေ့ဆက်လုပ် ဆောင်ကာ အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ်ကို ဖော်ဆောင်နေဆဲဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ရဲ့ အ ရေးကြီးဆုံးအပိုင်းမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းကြား အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နဲ့ အာဆီယံခေါင်းဆောင်တွေကို ကတိပြုခဲ့ပြီးဖြစ်ပါတယ်။ မြန်မာစစ်တပ်အတွက် ဒီရွေးကောက်ပွဲဟာ အရေးကြီးဆုံး ထွက်ပေါက်မဟာဗျူဟာလို့ ယူဆရပါတယ်။ မဲမသမာတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပလျှင်ပင် တရားဝင်မှု ရရှိမယ်လို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက […]


