ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

ဆိုင်ကယ်နဲ့ စပါးနယ်ကြပြီ

diz_admin

December 10, 2020

ဆိုင်ကယ်ကို သွားရေး၊ လာရေး၊ ကုန်ပစ္စည်းသယ်တာတွေမှာ သုံးကြပေမဲ့ စပါးနယ်ဖို့နေရာမှာ သုံးဖို့ကိုတော့ တော်တော်များများက စိတ်ကူးမိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်က ကင်းချောင်းရွာက တလင်းမှာတော့ နွားမောင်းသံအစား ဆိုင်ကယ် စက်သံတွေက အစားထိုးနေရာယူသွားပါပြီ။ သူတို့အတွက်ကတော့ ဆိုင်ကယ်ဟာ သွားလာရေး၊ ကုန်ပစ္စည်းသယ်ယူ ရေးအပြင် စပါးနယ်တဲ့နေရာမှာပါ အသုံးဝင်နေပါတယ်။ အဲဒီလို ဆိုင်ကယ်နဲ့စပါးနယ်ဖို့ စလုပ်တဲ့သူက ကင်းချောင်းရွာက ကရင် တိုင်းရင်းသား စောအယ်ဝါးဖြစ်ပါတယ်။ ဒီနှစ်မှာ စလုပ်တာပါ။ “နွားနဲ့ နယ်မယ်ဆို စောင့်နေရတာ ကြာတယ်။ ကျွန်တော်တို့ရွာမှာက နွားတွေကရှားသွားပြီ။ အဲဒါကြောင့် ဘယ်လို လုပ်ရမလဲလို့ ရှာကြံရင်းနဲ့ ဆိုင်ကယ်နဲ့ နယ်မယ်ဆိုပြီး ကျွန်တော်ပဲ စလုပ်လိုက်တာ” ဟု စောအယ်ဝါးက ပြောပါတယ်။ ဆိုင်ကယ်အဟောင်း သုံးစီးလောက်နဲ့ တလင်းမှာ […]

ရိတ်သိမ်းချိန်လွန်ကာလ လယ်သမားများ သိထားရမည့်အချက်များ

diz_admin

December 6, 2020

တနင်္သာရီတိုင်းဟာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေရဲ့ ရိုက်ခတ် မှုတွေကြောင့် မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းတွေကနေ ဖောက်ထွက် စိုက်ကြ ပျိုးကြဖို့လိုလာနေပါပြီ။ ဒီနှစ်ဆိုရင် တနင်္သာရီတိုင်းဟာ မိုးဦး၊ မိုးလယ်မှာ ထင်သလောက် မိုးရေချိန်မရခဲ့ပါဘူး။ မိုးစပါးတွေ ရိတ်သိမ်းရတော့မယ့် အချိန်ကျတော့ အခါလွန်မိုးက ရှိနေပြန်ပါတယ်။ တချို့လယ်သမားတွေဟာ လယ်ထဲမှာ ရေတွေကျန်နေဆဲမို့လို့ အခုချိန်အထိ စပါးရိတ်သိမ်းမရသေးဘဲ စောင့်ဆိုင်း နေရတာတွေရှိနေပါတယ်။ တစ်ဖက်မှာ ဒေသထွက် စပါးတွေဟာ ပြည်ပရောင်း တန်းဝင်တဲ့ အရည်အသွေးမရှိတာကြောင့် ဈေးကွက်ပျောက်တဲ့ အခက်အခဲနဲ့ လည်း ရင်ဆိုင်နေကြရပါတယ်။ အဲဒီလိုအခက်အခဲတွေကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်ဖို့ရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ကျော်ရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ရိတ်ခြွေစက်နဲ့စပါးခြွေပြီးရင် စပါးခြောက်ဖို့အရေးကြီးတယ်။အရည်အသွေးကောင်းတဲ့ စပါးဖြစ်ဖို့က […]

ဈေးတောင်းရွက်သမ

diz_admin

December 3, 2020

အမျိုးသားတွေတောင် မနိုင်တဲ့ အထုပ်အပိုးပစ္စည်းတွေကို အမျိုးသမီးတွေက အသာလေး ထမ်းပိုးနေကြပါတယ်။ သူတို့ဟာ ဈေးရောင်း၊ ဈေးဝယ်သူတွေရဲ့ ရောင်းကုန်ပစ္စည်းတွေ၊ ပိဿာချိန် ၇၀ လောက်ရှိတဲ့ ငါးခြောက်အိတ်တွေကို ခေါင်းပေါ်ရွက်ပြီး လိုအပ်တဲ့ နေရာအရောက် ပို့ဆောင်ပေးရတဲ့ ဈေးတောင်းရွက် သမတွေပဲ ဖြစ်ပါတယ်။ ထားဝယ်စည်ပင်သာယာဈေးကြီးထဲမှာ ဒီလိုအလေးအပင်ပစ္စည်းတွေ ထမ်းပိုးရတာက သူတို့အတွက်တော့ နိစ္စဓူဝလုပ်နေရတဲ့ ထမင်းစား၊ ရေသောက် အလုပ်ပဲဖြစ်ပါတယ်။ ဈေးတောင်းရွက်သမတွေဟာ မနက်စောစောဆို လုပ်ငန်းခွင်ဖြစ်တဲ့ ဈေးကိုလာပြီး အထုပ်သယ်ခိုင်းမယ့် ဖောက်သည်ကို မျှော်ကြပါတယ်။ နယ်ဘက်ကနေ မြို့ကိုလာရောက်ပြီး ဈေးဝယ်တဲ့ဖောက်သည်တွေရဲ့ ဝယ်ယူပြီးပစ္စည်းတွေကို ဈေးထဲကနေ လိုင်းကားတွေဆီ ဒါမှမဟုတ် ဈေးပေါက်ဝ အထိ ပစ္စည်းအထုပ်တွေကို သယ်ယူပို့ ဆောင်ပေးကြရတာပါ။ စည်ပင်ဈေးထဲကနေ ဈေးပေါက်ဝအထိ ပစ္စည်းတစ်ထုပ် ပို့ပေးတာမှ တစ်ခေါက်ကို ဝန်ဆောင်ခဖြစ် ကျပ် […]

တစ်ပတ်စာ ဗေဒင်(၃၀- ၁၁- ၂၀၂၀ မှ ၆- ၁၂-၂၀၂၀ ထိ)

diz_admin

November 30, 2020

တနင်္ဂနွေပညာရှင်၊ ဥစ္စာဓနရှင်များ၏ ကူညီမစမှု ခံရမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်။ သင့်အိမ်သို့ တခြား သူများ ညအိပ်ညနေဆိုင်ကယ်များ လာထားပါက လက်မခံပါနှင့်။ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေတတ်သည်။အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အပြာရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ရွှေဖရုံသီးယတြာ ။ ။ အရဟံဂုဏ်တော် ၆ ပတ် ပုတီးစိပ်ပါ။ တနင်္လာလုပ်ငန်းများ အောင်မြင်မှု ရရှိမည်။ ငွေကြေးများစွာ ဝင်လာမည်။ အဆောက်အအုံဆောက်ခြင်း၊ အလှူအတန်းပြုခြင်းများ ပြုရတတ်သည်။ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သော ကိစ္စများအဆင်ပြေ မည်။ […]

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

diz_admin

November 29, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံ အားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ် ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။ ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်း အောင်ဆိုပြီး ဗီတာမင် C များများ စားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် C […]

ဘုံပျောက်၊ ဗိုက်မှောက်နေရတဲ့ ကိုဗစ်ကာလ ဇာတ်သမားများ

diz_admin

November 26, 2020

ကိုဗစ်ကာလထဲမှာ ထားဝယ်မြို့ နယ်သဘင်အစည်းအရုံးဟာ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတစ်ခုလားလို့ တောင် ထင်စရာဖြစ်ပါတယ်။ အစည်းအရုံးရဲ့ ခြံဝင်းထဲ စဝင်ဝင်ချင်းမှာ ရုံးရဲ့ဝရန်တာမှာ ကလေးပုခက်လွှဲနေတဲ့ အသက် ၉၀ ကျော်အဖွားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီ နေရာက လူတစ်ယောက်ကျောတစ်ခင်းစာလောက်သာ ကျယ်တာပါ။ မေးကြည့်တော့ လူနှစ်ယောက်အိပ်တဲ့နေရာတဲ့။ သူ့နဲ့မျက်နှာချင်းဆိုင်မြေကြီးပေါ်မှာတော့ ဇာတ်ပွဲသုံး သံသေတ္တာတွေ၊ မီးဖိုချောင်သုံး အိုးခွက်တွေက အမြင့် ငါးပေလောက်ရှိတဲ့ သဘင်းအစည်းအရုံးရဲ့ ခြံစည်ရိုးထက်တောင်မြင့်နေပါသေးတယ်။ အဲဒီနေရာမှာက သူတို့ရဲ့မီးဖိုချောင်။ အဲဒီဘေးမှာက အမျိုးသားတစ်ဦးက တဗွမ်းဗွမ်းနဲ့ ရေချိုးနေပါတယ်။ သဘင်အစည်းအရုံးအဆောက်အဦးရဲ့ ဘေးဘယ်ညာနှစ်ဘက်စလုံးမှာရှိတဲ့ လူနေလို့ရတဲ့နေရာတွေဖြစ်တဲ့ ဝရန်တာ၊ ပစ္စည်းထားခန်းတွေမှာ ဖြစ်သလို နေနေကြတဲ့ ကလေးလူကြီး တစ်ဆယ် ကျော်လောက်ကို တွေ့ရပါတယ်။ အမိုးနဲ့ အခင်းကလွဲပြီး အကာမရှိပါဘူး။ “အခုဆိုရင် လေတိုက်လည်းနေ။ မိုးလင်း ငါးနာရီထိုးတာနဲ့ […]

တစ်ပတ်စာ ဗေဒင် (၂၃- ၁၁- ၂၀၂၀ မှ ၂၉- ၁၁-၂၀၂၀ ထိ)

diz_admin

November 23, 2020

တနင်္ဂနွေလာဘ်လာဘများ ရမည်။ လက်ဝတ်ရတနာများ ဝင်မည်။ သတင်းစကားကောင်းများ ကြားရ၍ စိတ်ချမ်းသာရမည်။ အင်တာဗျူး၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ ဒူးနာ၊ ခါးနာ ဖြစ်တတ်သည်။ မောင်နှမသားချင်းများ၊ မိတ်ဆွေများနှင့် ပတ်သက်၍ သောကရောက်ရတတ်သည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာ ပြုရမည့်အခါဖြစ်သည်။အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အနီရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်ယတြာ ။ ။ ပူတင်းမုန့်ကို ဘုရားကပ်လှူပါ။ တနင်္လာထီ (သို့) ထီနှင့် အလားတူ ငွေဝင်မည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများအဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ အတိုက်အခံအနှောင့် အယှက်တစ်ခု ကြုံရတတ်သည်။ […]

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား

diz_admin

November 22, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn |ရေးသားသူ- Aye Thi Mon အခုတလော ဝက်ခြံတွေ ပိုထွက် လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ ကွန်ပျူတာရှေ့မှာ မနက်က စထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ Blue Light နဲ့ ဖုန်းကနေထွက်တဲ့ Blue Light တွေပဲလေ။ Blue Light နဲ့ အသားအရေဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue Light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ […]