တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော်စကြာမျှော ဓလေ့
diz_admin
November 21, 2020လူမျိုး တစ်မျိုးဟု သတ်မှတ်ချက်တွင် အစဉ်အဆက် လက်ခံကျင့်သုံးသော ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ရိုးရာဓလေ့ ထုံးတမ်းများ ပိုင်ဆိုင်မှု၊ ဘာသာစကား အယူအဆနှင့် လူမျိုးဖြစ်တည်မှု အစဉ်အလာ သမိုင်းကြောင်းများ အရင်း အမြစ်ခိုင်မာစွာ ဆင်းသက်တည်ရှိမှုက အထူးပင် အရေးပါသော အခြေခံ ကျောထောက်နောက်ခံပင်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော်- ပိုင်ဆိုင်ထားသော ယဉ်ကျေးမှုသမိုင်း အထောက်အထားများ၊ သက်သေပြနိုင်စရာ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများဖြစ်သော ရှေးဟောင်း အမွေအနှစ်ပိုင်ဆိုင်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းဖြစ်တည်မှုစသည့် အချက်အလက်များသာ မခိုင်မာလျှင်၊ လက်ရှိ အနေအထားတွင် ပြစရာတစ်ခုမှ မရှိတော့လျှင်၊ ယဉ်ကျေးမှုချစ်စိတ်ဖြင့် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်မှုမရှိလျှင် ခေတ်အဆက်ဆက် ယဉ်ကျေးမှုသမိုင်းအစဉ်အလာ တန်ဖိုးမြင့်မားစွာ ရှင်သန်နေထိုင်လာသော လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူ ဝင့်ကြွား ရပ်တည်နိုင်စွမ်းရှိမည်မဟုတ်ချေ၊ ထို့ကြောင့် လူမျိုးတစ်မျိုးအနေဖြင့် အစဉ်အဆက် ဂုဏ်ယူနိုင်ဖို့ဆိုရာတွင် […]


