လယ်သမားတွေရဲ့ ဆောင်းခိုငှက် လွမ်းတေး
diz_admin
January 15, 2021မနှစ်ကဒီအချိန်ဆိုရင် တနင်္သာရီတိုင်း နေရာအနှံ့အပြားက လယ်ကွင်းတွေထဲမှာ ဆောင်းခိုခရုစုပ် ငှက်တွေ အုပ်စုလိုက် အစာရှာနေတဲ့အချိန်ပါ။ ဒီနှစ်လည်း သူတို့ပြန်လာလေမလားဆိုပြီး ဦးလွင်မိုးတစ်ယောက် မျှော်နေပါသေးတယ်။ ဒါပေမဲ့ ခရုစုပ်ငှက်တစ်ကောင်တလေကိုမျှ လယ်ကွင်းတွေထဲ မတွေ့ရတော့ပါဘူး။ ခြေတံရှည်ရှည်၊ နှုတ်သီးထိပ်ပြားပြား အဝေးကနေကြည့်ရင် ကြိုးကြာလိုလို၊ ဗျိုင်းလိုလိုထင်ရတဲ့ ခရုစုပ်ငှက်တွေဟာ လယ်သမားတွေရဲ့ မိတ်ဆွေပါ။ လယ်သမားတွေကို တိုက်ရိုက်အကျိုးပြုတဲ့ ငှက်တွေဖြစ်ပါတယ်။ လယ်ကွင်းတွေထဲမှာ စပါးအဖျက်ကြမ်းတဲ့ ရွှေခရုတွေကို ခရုစုပ်ငှက်တွေ က စားသောက်ပစ်ပါတယ်။ ရွှေခရုဆိုတာ တနင်္သာရီတိုင်းက လယ်သမား တွေအတွက် ရန်သူအသစ်ပါ။ စပါးပင် နုနုထွတ်ထွတ် တွေကို ကိုက်ဖြတ်စားသောက်ပါတယ်။ ရွှေခရုတွေဟာ တနင်္သာရီတိုင်းဘက်ကို ၂၀၁၇ ခုနှစ်လောက်မှာ စရောက်လာတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားတာရှိပါတယ်။ သူတို့တွေ လယ်ထဲရောက်လာရင် နှိမ်နင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ခရုစုပ်ငှက်တွေကတော့ […]


