ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

အိမ်တွင်း အကြမ်းဖက်မှုအတွက် အကာအကွယ်

diz_admin

February 4, 2021

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ခံရတဲ့အခါမှာ တရားဥပဒေရဲ့ အကာကွယ်ရယူဖို့ ခက်ခဲကြနေပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ ရဲစခန်းကို တိုင်ကြားထားတဲ့ အမှုအရေအတွက်တွေက ဒီလို အခက်အခဲတွေ ကိုမီးမောင်းထိုးပြနေပါတယ်။ ရဲစခန်းကို ရောက်လာတဲ့ အမှုတွေနဲ့ အမျိုးသမီး အရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ရောက်လာတဲ့ အမှုတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။ ပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံးမှာ မြို့နယ် ၁၀ မှာရှိတဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကနေ တိုင်းရဲရုံးကို တက်လာ တဲ့အမှုအရေအတွက် ၁၈ မှုသာရှိပေမယ့် အမျိုးသမီး ရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေဖြစ်တဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂနဲ့ မြိတ်အမျိုးသမီးများ အဖွဲ့ကို လာတိုင်တာအမှု ၈၀ ကျော်ရှိပါတယ်။ ဒါပေမယ့် လာတိုင်တဲ့သူတွေအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရသူတွေဟာ နောက်ဆုံးအဆင့် ထိ တရားဥပဒေအရ အဆုံးအဖြတ်ခံယူဖို့ လှမ်းနိုင်ခဲ့တဲ့သူ အနည်းစုသာ ရှိပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ စိတ်ပိုင်းဆိုင်ရာ […]

အိမ်ဆောက်ခွင့် အိမ်ပြင်ခွင့်မရသည့် ရွာ

diz_admin

January 30, 2021

ထိုရွာတွင် နေအိမ်များပြိုကျလျှင် ပြန်ဆောက် ခွင့်မရသလို ပြန်ပြင်ခွင့်လည်းမရပါ။ ထိုသို့နှင့်ပင် အန္တရာယ်အကြားနေထိုင်ရသည်။ ယင်းကျေးရွာမှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု အတွင်းရှိနေသည်။ ယင်းကျေးရွာသည် ပုလောမြို့၏ အနောက်မြောက်ဘက် ကျွန်းကြီးတစ်ကျွန်းတွင် တည်ရှိပြီး အများစုမှာ တံငါအလုပ်လုပ်ကြသူများဖြစ်ကြသည်။ ရွာအမည်က တောင်ခေါင်းလောင်းကျေးရွာ။ ရွာတွင်အိမ်ခြေ လေးဆယ်ခန့်ရှိပြီး ဓနိမိုး ထရံကာ အိမ်ခြေသုံးဆယ်ခန့်သည် ဒီရေတောကို ခုတ်ထွင်ရှင်းလင်း နေထိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့ အဆိုအရ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့ခြင်းဖြစ်သည်။ အိုးအိမ်ဆောက်ရန်မြေနေရာမရှိသည့် အိမ်ထောင်စုများအား ဒေသခံ ထိုစဉ်က ပါတီကောင်စီ လူကြီးတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ဒီရေတောအား ခုတ်ထွင်ကာ နေထိုင်စေခဲ့ကြောင်း သိမီသည့် ရွာသားများက ပြောပြသည်။ ယင်းသို့နေထိုင်ရန်အတွက် အိမ်တစ်ဆောင်လျှင် ငွေ ၃၅၀ ကျပ် ကောက်ခံပြီး ရရှိသည့်ငွေများအား ရွာစာသင်ကျောင်းဆောက်ရာတွင် […]

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

diz_admin

January 29, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn |ရေးသားသူ- Aye Thi Mon ကိုဗစ် ဖြစ်ပွားမှု တစ်နှစ်ကျော်လောက် ကြာပြီးတဲ့အခါ ဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Pfizer နဲ့ Moderna တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးပေါ် အတည်ပြုမှုတွေ လုပ်ဆောင်ပေးခဲ့မှုနဲ့အတူ ကာကွယ်ဆေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သုတေသီတွေက ထိရောက်ပြီး စိတ်ချရမယ့် Covid-19 ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင် နေပါတယ်။ ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမယ်ဆိုရင် ကမ္ဘာ့ လူဦးရေ အားလုံးကို ကိုဗစ်ရန်ကနေ ပိုပြီးထိရောက်စွာနဲ့ ကာကွယ်လာနိုင်မှာ ဖြစ်ပါတယ်။ […]

တစ်ပတ်စာ ဗေဒင် (၂၅- ၁- ၂၀၂၁ မှ ၃၁- ၁-၂၀၂၁ ထိ)

diz_admin

January 26, 2021

တနင်္ဂနွေလုပ်ငန်းများ အောင်မြင်တိုးတက်မည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ ဖြေဆိုထားသည့် စာမေးပွဲများ မုချအောင်မြင်မည်။ လူလိမ်ခံရတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ ယာဉ်များ ပျောက်ရှတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ရာသက်ပန်လက်တွဲရပါမည်။ ။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ တောင်အရပ်ယတြာ ။ ။ သစ္စာပန်းကို ဘုရားပန်းအဖြစ်ကပ်လှူပါ။ တနင်္လာရွှေထည်ပစ္စည်းတစ်ခုခု ဝင်မည်။ လာဘ်လာဘများ ဝင်မည်။ လုပ်ငန်းများ အောင်မြင်အဆင် ပြေမည်။ တီဗွီ၊ ကော်ဇော၊ မွေ့ရာတစ်ခုခုဝင်မည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ သင့်အိမ်ရှိ မိခင်၊ အဒေါ် ကျန်းမာရေး ဂရုပြုပါ။ ကျန်းမာရေးနှင့်ပတ်သက်၍ […]

စိတ်ဖိစီးမှုကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

diz_admin

January 24, 2021

လူတိုင်း စိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာ လည်း မကြာခဏကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံလာရတိုင်း ကုစားမှုနဲ့ ဖြေရှင်းကြတဲ့ နှုန်းက အလွန်နည်း ပါးပါတယ်။ ဒီအတိုင်းပဲ အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ တွေးရင်း စိတ်ပင်ပန်းကြီးစွာနဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းပစ်ကြတာများတယ် မဟုတ်လား။ တကယ်တော့ စိတ်ပင်ပန်းမှု ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ် ပြန်ဖြစ်လာ ပြန်ခံစားလာရမယ့် အရာမျိုးပါ။ ဒီအတိုင်းအချိန်တန်ရင် စိတ် သက်သာသွားမှာပါဆိုပြီး တင်းခံရင် နောက်ဆုံးမှာ လက်လျှော့ပြီး အရှုံးပေးလိုက်ရချိန်မျိုးကို ရောက်သွား တတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့က ကိုယ်လက်ကျန်းမာအောင် နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ။ တကယ်လို့ ကိုယ့်မှာ […]

များတို့ဘဝ မလွယ်လှ

diz_admin

January 21, 2021

မီးထိန်ထိန်လင်းနေသည့် ထားဝယ်မြို့၊ လမ်းမကြီး အဝိုင်းတစ်နေရာတွင် အမျိုးသမီးဟု ထင်ရသည့် လူတစ်စု ထိုင်နေကြသည်။ သာမန်ကြည့်လိုက်လျှင် အမျိုးသမီးများဟု ထင်ကောင်းထင်နိုင်ပေသည်။ သို့သော် အနီးကပ်ကြည့်လိုက်ချိန်တွင်မူ အမျိုးသမီးကဲ့သို့ ဆင်ယင်ထားသည့် လိင်တူချစ်သူ ဂေးလ်များ ဖြစ်နေသည်။ သူတို့သည်ကား စကားစမြည် ပြောဆိုရင်း ထိုင်နေကြပြီး လမ်းသွားလမ်းလာ အမျိုးသားများကို စိတ်ဝင်တစား ငေးကြည့် နေတတ်သေးသည်။ ထိုနေရာသို့ အမျိုးသားအချို့လည်း စိတ်တူ ကိုယ်တူပျော်ပါးမည့် လိင်တူချစ်သူများကို လာရှာ လေ့ရှိသည်။ ထိုကြောင့် ယင်းနေရာလေးသည်ကား ချစ်သူအဝိုင်းဟု တင်စားခေါ်နိုင်လောက်ပေသည်။ လှည့်ကင်းရဲကား လာသည့်အချိန်တွင် ထပြေးရလေ့ရှိပြီး တစ်ခါတစ်ရံ အိမ်သို့စောစောပြန်ရန် ပြောဆိုလေ့ရှိဟု ဆိုသည်။ ယင်းနေရာတွင် လာထိုင်လေ့ရှိသူများအနက် လိင်တူချစ်သူဂေးလ်တစ်ဦးဖြစ်သည့် မခရေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ကိုဗစ်ကာလတွင် မိတ်ကပ်အလှပြုပြင်ရေး […]

တစ်ပတ်စာ ဗေဒင် (၁၈- ၁- ၂၀၂၁ မှ ၂၄- ၁-၂၀၂၁ ထိ)

diz_admin

January 19, 2021

တနင်္ဂနွေအိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ကောင်းသည်။ အလုပ်လျှောက်ထားသူ လူငယ်များ အဆင်ပြေမည်။ သင်တန်းကိစ္စများ ဆောင်ရွက်ရတတ်သည်။ ဆွေမျိုးသားချင်းများ သင့်ကို ကူညီမစမည်။ ဖုန်းပျက်ခြင်း၊ ရွှေထွက်ခြင်းများ ဖြစ်တတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ ချေးငှားခြင်း ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါဖြစ်သည်။ ။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျားအကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်ယတြာ ။ ။ သီလရှင်တို့ကို ငွေလှူပါ။ တနင်္လာခရီးတစ်ခု သွားရမည်။ ကွဲနေသောမိတ်ဆွေကောင်းများနှင့် ပြန်တွေ့ရတတ်သည်။ ရွှေ၊ ယာဉ်၊ ဖုန်းတစ်ခုခု ဝင်မည်။ သို့သော် စက်ပစ္စည်းများ မဝယ်ပါနှင့်။ လုပ်ငန်းများကြီးပွားတိုးတက်အောင်မြင်မည်။ ဖိနပ်ပျက်၊ ထီးပျက်များရှိလျှင် […]

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

diz_admin

January 17, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung “မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာ ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလို အချိန်တိုအတွင်း ဘာကြောင့် လူကြိုက် များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကောဆိုတာမာလာဆိုတာက တရုတ်စကား လုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ […]