တောင်ပိုင်းဒေသက စစ်ရေး
Dawei Watch
December 21, 2023စစ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ထောင်ကျော်လာချိန်တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တွန်းလှန် တိုက်ခိုက်မှုများလည်း ပိုမိုအရှိန်အဟုန်ကောင်းလာနေသည်။ နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့သည်မှာ မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ညီနောင်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းမြောက်တစ်ခွင်တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့သည်။ ယင်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မကြာခင်တွင်ပင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကယား (ကရင်နီ) ပြည်နယ်တွင်လည်းကောင်း ရက္ခိုင့်တပ်တော် AA ၏ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများကြောင့်လည်းကောင်း တော်လှန်ရေး အရှိန်အဟုန် ပိုတက်လာခဲ့သည်။ အိန္ဒိယနယ်စပ်မှ ကုန်သွယ်ရေးမြို့များ၊ တရုတ်နယ်စပ်မှ မြို့များကိုလည်း ချင်းနှင့် ရှမ်းဒေသ လက်နက်ကိုင်အဖွဲ့များက သိမ်းထားနိုင်ပြီဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ […]


